Wednesday, July 2, 2008

ချစ်စကို ရှည်စေ၊ မုန်းစကိုတိုစေ

'' Let amity be enduring;
and enmity be ephemeral.''

Tuesday, July 1, 2008

Honesty is the best policy

Honesty is truthfulness in terms of both words and deeds. An honest man always say what is right, behaves in a truthful manner, never pretending to feel what he does not feel. He has tendency to say plainly, just using curt replies indsicrimininative of likes or dislikes and to who he is talking. Dispite his weakness in social dealing, he always keeps his promises.
It is said " Honesty pays". However, there are many people who do not think so. They will say that there have been a lot of instances in which dishonest people are enjoying prosperity. In fact, they are not aware of how people of this type will one day suffer from the consequences arising from their misdeeds cheating, deceiving and swimdling. It is very worrying that theu may repent only when it is too late.
It is daind ''Honesty is the best policy''. However, honest people rarely mind whether honesty pays or not. They try to be honest just because they believe that being dishonest affects their image, integrity and personality.

ဖျာပုံမြို့၊ လက်ပံရွာသို့တစ်ခေါက်

ကျမတို့အဖွဲ့ဟာ သွားရောက်လှူဒါန်းဖို့ စီစဉ်ခဲ့တာ အရင်တစ်ပတ်ကတည်းကပါ။ သွားကြတဲ့ရက်ကတော့ ၂၉.၆.၂၀၀၈ ရက်နေ့ပါ။ ည၂နာရီခွဲမှာ အိပ်ရာမှ ထလို့ လူစုထားတဲ့ နေရာကို ၄နာရီအရောက်သွားခဲ့ပါတယ်။ လူစုံတာနဲ့ အထုပ်အပိုးများ၊ လှူဖွယ်ပစ္စည်းများကို ကားပေါ်မှာ တင်ဆောင်ပြီး နံနက် ၆နာရီခွဲမှာ ရန်ကုန်ကနေ ထွက်ခွာခဲ့ပါတယ်။ ခေါင်းခန်းမှာ ဦးပဇင်း နှစ်ပါးလည်း လိုက်ပါလာပါတယ်။ လှိုင်သာယာ ဘုရင့်နောင်တံတားမှ ဖြတ်လို့ ရန်ကုန်မြို့မှ ထွက်ခွာတော့ ရာသီဥတုက မိုးဖျောက်တောက် ဖျောက်တောက်ပေါ့။ ပြီးရင် သည်းလိုက် ပြန်တိပ်လိုက်ပါ။ အဲဒီ့နောက်မှာ တောင်ပိုင်းခရိုင် ဖြစ်တဲ့ ကော့မှူး၊ ကွမ်းခြံကုန်း မြို့တို့ကို ဖြတ်ကျော်ခဲ့ပါတယ်။ လမ်းခရီးတစ်လျှောက်မှာ တော့ အိမ်တော်တော်များများက ပြန်လည်ပြင်ဆင်ထားပြီး တန်ဖိုးနည်းအိမ်ရာများကို ဆောက်လုပ်ထားတာ တွေ့ခဲ့ပါတယ်။ ဒေးဒရဲမြို့ကို ဖြတ်တော့ စက်မှု(၁)ကနေ ဖွင့်လှစ်ထားတဲ့ ၀င်းသူဇာအရောင်းဆိုင်တွေကို လည်း တွေ့ခဲ့ရပါတယ်။ လမ်းတံတား အပိုင်းစစ်ဆေးမှုများကတော့ လူဘယ်နှစ်ယောက်ပါလ၊ လှူဖွယ် ပစ္စည်းခန့်မှန်း တန်ဖိုးကို သာ ပြောရုံပါဘဲ၊ လွယ်လွယ်ကူကူပါဘဲ။
အဲဒီနောက် ကျမတို့ဟာ ဖျာပုံတံတားကို ၁၀နာရီ ၀န်းကျင်မှာ ရောက်ရှိလာပါတယ်။ မြို့ရောက်တော့ စခန်းမှာ မလေးရှား အလှူအဖွဲ့ ရောက်နေတာကို ကားပေါ်မှ တွေ့ခဲ့ရပါတယ်။ ဖျာပုံဈေးထဲမှာတော့ ရောင်းသူ၊ ၀ယ်သူ နဲ့ စည်ကားနေပါတယ်။ ဘုန်းကြီးကျောင်းအချို့မှာ ပျက်စီးနေပါတယ်။ မြို့ပေါ်ကအိမ်တွေကတော့ တိုက်တာကို အများဆုံးတွေ့ရပါတယ်၊ အိမ်တွေက အများစု ကျွန်းသား အိမ်သန့်သန့်လေးတွေကို တွေ့ရပါတယ်။ ဆိုင်ကယ် ၊ ဆိုက်က္ကား၊ ကားများနဲ့ စည်ကားနေတာ ပဲခူးမြို့နယ်နဲ့တောင် ဆင်တူတယ်လို့ မှတ်ချက်ချခဲ့ပါသေးတယ်။ ကျမတို့အဖွဲ့ဟာ မြို့ခံအိမ်တစ်အိမ်မှာ ကိုယ်လက် သန့်စင်ပြီး ထပ်မံ ခရီး ထွက်ခဲ့ရာ ကျမတို့ သွားရောက်လှူဒါန်းမည့် လက်ပံရွာသို့ ရောက်ရန် အတွက် စက်လှေအသေးနှစ်စင်းကို ငှားပြီး တော့ ဆက်လက် ထွက်ခွာလာပါတယ်။ လှေပေါ်မှာ မေတ္တာသုတ်၊ မေတ္တာပို့ပြီး ပြီးတော့ နောက်မိနစ်၂၀ ကြာတော့ ကျမတို့ လှူးဒါန်းမည့်ရွာ လက်ပံရွာသို့ ၁၁နာရီ မိနစ် လေးဆယ်မှာ ချောချောမွေ့မွေ့ရောက်ရှိခဲ့ပါတယ်။ မြစ်ကမ်းနားမှာ တည်ရှိတဲ့ လက်ပံဘုန်းတော်ကြီးကျောင်းမှာ လှူဖွယ် ပစ္စည်းများကို ချ ၊ အထုပ်အပိုးတွေယူဆောင်ပြီး ကျောင်းသို့ ရောက်လာပါတော့တယ်။ လိုက်ပါလာတဲ့ ကိုယ်တော်များကို ဆွမ်းကပ်ပြီး ကျမတို့လည်း အသင့်ပါလာတဲ့ နေ့လည်စာ ရွှေခေါင်းပြောင်ရယ်၊ ကိုရဲနိုင်ချက်တဲ့ အမရာ ထမင်းရယ် ချဉ်ပေါင်ကြော်တို့နဲ့ နှစ်ပွဲလောက်တော့ နှိပ်အောင်စားခဲ့ပါတယ်။ သုတ်သုတ်စားပြီးတော့ ကျောင်းပေါ်မှာ ကလေးများ အယောက် နှစ်ရာကျော်က နေရာယူထားပြီးဖြစ်ပါတယ်။ ကျောင်းပေါ်ကို တက်ရောက်ပြီး ဆရာတော်ထံမှာ ငါးပါးသီလခံ၊ ရေစက်ချခဲ့ပါတယ်၊ ဒီကျောင်းတော်မှာဘဲ ကလေးများ အတန်းလိုက် စာသင်ကြားကြခြင်းလည်းဖြစ်ပါတယ်။
အသင့်ပါလာတဲ့ သင်ရိုးစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းသုံး ပစ္စ့ည်းကိရိယာများ၊အားလုံးကို ခွဲတန်းချစနစ်ဖြင့် သက်ဆိုင်ရာဆရာမများထံသို့ လွှဲပြောင်းပေးပြီး တော့၊ သန့်လေးသန့် ကျန်းမာရေးအစီအစဉ်ကို လည်း ဆောင်ရွက်ခဲ့ပါတယ်။ ဒါကိုတော့ ဦးဆောင်သူက မအိပါ( သူက ကျန်းမာရေးစီမံချက် အရာရှိ) ပါ။ တစ်လက်စတည်းမှာဘဲ ကလေးများကို ကျန်းမာရေးဗဟုသုတများကို ပြောကြားပြီး မေးခွန်းမေး၊ ဆုပေးအစီအစဉ်ကို ပါ ဆောင်ရွက်ခဲ့ပါတယ်။ ကလေးများ ကောင်းစွာဖြေကြားနိုင်ပါတယ်။ တွေ့ခဲ့ရတဲ့ မြစ်ကမ်းပါးလျှောက်မှာ အိမ်သာများက လုံသုံးလုံနဲ့ မကိုက်ညီပါဘူး၊ လုံ သုံးလုံက
၁။ အနံ့လုံ
၂။ ယင်လုံနဲ့
၃။ အရှက်လုံ အောင်ဆောက်ထားတာ မတွေ့ရလို့ ပညာပေးအစီအစဉ်ကို ရုတ်တရက် ထည့်သွင်းလိုက်ပါတယ်။ ပျော်ရွှင်စရာကောင်းခဲ့တာက လှူဒါန်းအပြီး မပြန်ခင်မှာ ကလေးများအားလုံးမှ ကျမတို့ရဲ့အလှူကို ပြန်လည်မေတ္တာပို့ပြီးမှ လက်ခံရယူခြင်းပါ။ မျက်ရည်တောင်လည်ခဲ့မိပါတယ်။ ရင်ထဲမှာလည်း သာဓု အကြိမ်ကြိမ်ခေါ်ခဲ့မိပါသေးတယ်။ ငွေသား ကို ထပ်မံလှူပြီှးူဆရာတော်ကို ရိုးသားတဲ့ ရွာသူရွာသားများရဲ့ အပြုံးကလည်း မမေ့စရာပါ။ ပြန်ခဲ့ပါပြီ လက်ပံရွာမှ၊ ဂဏန်းပြုတ်များကို ကြွပ်ကြွပ်အိတ်နဲ့လည်း ထည့်ပေးလိုက်ပါသေးတယ်။ မစန္ဒီကတော့ ဂဏန်းများကို လှေပေါ်မှာ စားတော့ မြို့ပေါ်က စည်းစိမ်နဲ့ မလဲနိုင်ပေါင်တဲ့။ ကျမကတော့ မကြိုက်လို့ မစားပါဘူး။ လှေက အပြန်ခရီးမှာ ရပ်လိုက်နားလိုက်နဲ့ အဆင်ပြေသွားပါတယ်၊ အပြန်ဖျာပုံမြို့က ရွှေနတ်ကူဘုရား ကိုဝင်ဖူးခဲ့ပါသေးတယ်။ အပြန်ခရီးကတော့ ၀မ်းမြောက်စွာနဲ့ ပေါ့။ အိမ်ကို ည ၉နာရီ ခွဲမှာဘဲ အောင်မြင်ချောမွေ့စွာ ရောက်ရှိခဲ့ပါတယ်။

'' အလှူကို နတ်၊ လူ သာဓု ခေါ်နိုင်ပါစေရန် ဝေမျှခြင်းသာ ဖြစ်ပါကြောင်း ''

Thursday, June 26, 2008

ပရိတ်ရွတ်ဖတ်သူ အင်္ဂါ(၃)ပါး

ပရိတ်ရွတ်ဖတ်သော ပဂ္ဂိုလ်တို့၏ အင်္ဂါတို့မှာ
(၁) ပုဒ်ပါဌ် အက္ခရာ ပီသ မှန်ကန်အောင် ရွတ်ဖတ်နိုင်ခြင်း။
(၂) အနက်အဓိပါယ် ကိ သိရှိနားလည်ခြင်း။
(၃) လာဘ်သပ်ပကာကို မငဲ့ဘဲ၊ ပရိတ်တရားနာကြား သူတို့အပေါ် မေတ္တာ စေတနာထားကာ ရွတ်ဆိုခြင်း တို့ဘဲဖြစ်ပါတယ်။

သဒ္ဒါလည်းစင် အနက်ထင်
သက်ဝင် မေတ္တာထား
ရွတ်ဖတ်သူမှာ အင်(၃)ဖြာ
မှတ်ပါကျမ်းစကား ဆိုသော စကားအား
အကြိမ်ကြိမ်မှတ်သားမိနေပါတော့သည်။

ရှင်ရဟန်းပြုပေးရခြင်း၏ ရည်ရွယ်ချက်အား သိရသော အခါ

၁။ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုခြင်း။
၂။ သာသနာ့အမွေခံ သာသနာ့ ဒါယကာဖြစ်လိုခြင်း။
၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။

၎။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း တို့ဘဲဖြစ်ပါတယ်


စာရေးသူကျမလည်း မိမိတတ်နိုင်သလောက် ရဟန်းပြုပေးသော အလှူကို ပြုပေးရပါလို၏။
သာသနာ့တာဝန်ကို ဆောင်ရွက်နိုင်ပါစေလို့ ရည်မှန်းကာ ဆုတောင်းနေမိပါတယ်။

Wednesday, June 25, 2008

ပိုလှသည့် ဧရာဝတီကို တည်ဆောက်ကြပါစို့

ဧရာဝတီသားတို့သည် ရိုးသားကြ၏။ ကြိုးစားကြ၏။ မိရိုးဖလာလုပ်ငန်းများ လုပ်ကိုင်ရင်း အသက်မွေးဝမ်းကျောင်း ပြုကြ၏။ ယခုနာဂစ်ဆိုတဲ့ သဘာဝမုန်တိုင်း ၀င်လို့ တို့ဧရာဝတီ တဒင်္ဂ အလှပျက်ရပေမဲ့ တို့မြေ၊ တို့ရေကတော့ တည်ရှိနေမြဲပဲဆိုတာ သတိပြုကြရင်း ကူသူကကူ၊ ထူသူကထူ၊ ထောက်သူကထောက် ဒါတွေနဲ့ ကျားကန်လို့ အားမာန်အပြည့်နဲ့ တို့တစ်တွေ ပျက်သည့် အလှကို ပြန်ဆင်ကြရင်း မုန်တိုင်းဆိုတဲ့ ဒုက္ခကြားက ရုန်းထကြပါစို့။ ပိုလှသည့် ဧရာဝတီကို တည်ဆောက်ကြပါစို့။
ဘိုကလေးမြို့သို့ စနေနေ့ ည က ခရီးနှင်ရာ မနက်ပိုင်းတွင်ရောက်ပြီး စက်လှေ နဲ့ ရွာသုံးရွာသို့ ခရီးဆက်ခဲ့ပါတယ်။ လှူဒါန်းရန်ပါလာသော အလှူပစ္စည်းများကို လောက်ငှစွာ လှူရလို့ ၀မ်းသာပီတိ ဖြစ်မိပါတယ်။ စက်လှေစီးရင်း ပထမဆုံးအကြိမ်မို့ ရင်ထဲမှာ ၀မ်းနည်းသလိုခံစားရပါတယ်။ မေတ္တာပို့ရင်း ခရီးစဉ်တစ်လျှောက် အေးအေးဆေးဆေးပါဘဲ။ အလှူအတွက် လှူဒါန်းတဲ့ အလှူရှင်များရော ၊ လုပ်အား ပေ မအိရူပါဝင်း( Miss Asean ) ရော၊ BDS 18/2008 သင်တန်းသားများ အားလုံးကို ရော ကျေးဇူးတင်လိုက်ပါတယ်။
14 .6. 2008 ရက်နေ့တွင် သွားရောက် လုပ်အားပေးခဲ့သော ဘိုကလေးမြို့မှ လုပ်အားပေးအလှူအားသတိရလျှက်

အလှူအတွက် နတ်၊ လူ ၊ သာဓုခေါ်စေသော်


Wednesday, June 11, 2008

UN Seceratary General Bankimon attendedPleading Conference Speech in Myanmar

REMARKS TO PRESS AT THE HOTEL SEDONA

Yangon, 23 May 2008
Good evening, ladies and gentlemen. Thank you for being here. This is a special occasion, in many ways, not least because my visit here is the first of an UN Secretary-General in 44 years. I came here to give the people of Myanmar a message of hope---that the world is watching, and that the world is with you. I must tell you.
Flying over the Irrawaddy delta yesterday, I saw the saddest things: homes and villages destroyed, fields flooded, roads and bridges washed away, so many lives lost. We work hard in our lives, for ourselves and our families. And then, in a moment, it is gone. I am humbled—humbled by the scale of this natural disaster, the worst your country has ever experienced, and humbled by the courage and the resilience of the Myanmar people.
During my visit I heard the most tragic stories. At a refugee camp, villagers told me of the loss of their families, their loved ones, everything they owned. But I also saw homes—and lives—being rebuilt. Life continues. I met a mother, living in a tent, who gave birth to a baby girl only hours before my visit. She was healthy. So is her infant daughter. They have a future. I told them my heart was with them, and to not lose hope. I know they will not, for they have already proved it.
And I told them that I—as well as the international community and the entire UN family—will do everything possible to help. I am encouraged by my discussions with Myanmar's leadership. From all I have seen, the government, with help from the international community, have put in place a functioning relief program. But I told them that more needs to be done. Their efforts need to be reinforced, quickly, by international experts with tested experience in handling emergencies. In this regard, I specifically asked the government to liberalize visa policies and to grant unhindered access to foreign aid experts, and also journalists, so that they can operate freely and effectively throughout Myanmar.
I also asked the government for permission to establish forward logistics bases in the affected areas so as to more efficiently distribute aid and coordinate assistance to those in need. I further requested the government's cooperation in deploying the extra assets needed in such operations—among them transport boats and helicopters. I am happy to report that we have made progress on all these issues. This morning, I had a good meeting with Senior General Than Shwe. He agreed to allow international aid workers into the affected areas, regardless of nationality.
He has taken quite a flexible position on an issue that, until now, has been an obstacle to organizing coordinated and fully effective international aid and assistance operations. He has also agreed that visa issue will be speeded up. The Senior General also agreed that Yangon Airport could be used as a logistical hub for international aid, from which it could be more quickly distributed to those in need. He further agreed that international aid could be delivered to Myanmar via civilian ships and small boats.
I hope all these agreements can produce results quickly. Implementation will be the key. Finally, we have agreed on the kind of effective coordination and consulting mechanisms we need, and we are finalizing the details with ASEAN as well. I warmly welcome ASEAN's leadership. I return to Yangon for the international pledging conference on Sunday, where Myanmar's partners will discuss these matters in greater depth. Our goal will be to focus on the immediate relief efforts, and also to look at the recovery phase which will have to start in parallel.

Monday, June 9, 2008

အမှတ်မထင်တွေ့မိသော ကဗျာတစ်ပုဒ်

If you can't be a pine on the hill,
Be a scrub in the valley but be
The best little scrub by the side of the rill;
Be a brush, if you can't be a tree

If you can't be a brush, be a bit of the grass,
And some highway happier make;
If you can't be a muskie, then just be a bass-
But the liveliest bass in the lake!

We can't all be captains. we've got to be crew,
There's something for all of us here.
There's big work to do and there's lesser to do
And the task we must do is the near.

If you can't be a highway, then just be a trail,
If you cant be the sun, be a star;
It isn't by size that you win or you fail-
Be the best of whatever your are!
Wirtten By Douglas Malloch

သတိမထားမိသော အချိန်

လူတို့၏သက်တမ်း၌ လုပ်ကြံဖို့ရန် နာရီပေါင်း ၃၅၀၀၀ သာရှိ၏။ ထိုနာရီများ၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ပုလဲလုံး၊ ပတ္တမြားလုံးများလို အဖိုးတန်သည်ဟု ယုံကြည်ကာ မပျောက်ရအောင် အထူးသတိပြု စောင့်ထိန်းအပ်လှပေသည်။ ထိုရတနာများသည် အသင်၌ အဖိုးမဖြတ်နိုင်သော အရင်းအနှီးများဖြစ်ကြသည်။

"နာရီစက်သံ၊ ချက်ချက်မြည်သံ၊ တစ်ရံမခြား၊ မောင်တို့ကြားလော့"

အချိန်ကိုဖြုန်းခြင်းသည် စိတ်အား၊ ကိုယ်အား၊ ညဏ်အား၊ ၀ီရိယအား၊ ကောင်းမြတ်သော သိတ္တိများကို နွမ်းပါစေသည့်အပြင် ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို လည်း ပျက်စေတတ်လျက် အလွန်ကောင်းသော လမ်းအခွင့် တို့ကိုလည်း လွန်မြောက်ပျောက်ပျက်ခြင်းသို့ ရောက်စေတတ်သည်။ အစရှိသောပီမိုးနင်း စာပေများဖတ်ခဲ့ရစဉ်ကအဖိုးတန်စာသားမျာကို မှတ်သားခဲ့ရတယ်။

"အချိန်ကို ငါဖြုန်းခဲ့၏။ သို့အတွက် အချိန်က ငါ့ကို ဖြုန်း၏ '' ရှိတ်စပီးယားပြောခဲ့တာကို အမှတ်ရခဲ့မိပါတယ်။ ကြီးမြင့်သော ပုဂ္ဂိုလ်တို့သည် အချိန်၏သေးငယ်သော တစ်ခဏ အစိတ်အပိုင်းကို အသုံးချတတ်သူများဖြစ်သည် ကိုလည်း မှတ်သားမိခဲ့ရပါတယ်။

"မပျင်းရိနှင့်
မရှိလုံ့လ၊ ပျင်းပိုးတရ
သုတပညာ၊ ဘယ်ရပါလိမ့် "

ဆိုသောကဗျာအား စွဲကျန်ရစ်နေပါတော့သည်။





မိတ်ဆွေတု

ရေသဖန်း၏အသီးမှည့်ကား
ကြည့်လတ်သောအခါ၊ တျာတျာနီရင့်
လှတင့်ဆင်းဝါ၊ အတွင်းမှာကား
ပိုးသားအတိ၊ ရွံဖွယ်ရှိသို့။

နှစ်သက်မိသော သပြေညို

သူ့ခေါင်းမှာတဲ့ သပြေညို
တို့ခေါင်းမှာလဲ သပြေညို
တို့ပြေမှာ တိုမေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းလေးက လန်းလျက်ပါကို

မင်းသုဝဏ်

ပညာရှိစကားမှတ်သားနာယူ

အတတ်ပညာမရှိသူသည် သူတစ်ပါး၏ ၀န်ကို ထမ်းရ၏။

အတတ်ပညာရှိသူသည် သူတစ်ပါး၏ ဂုဏ်ပြုခြင်းကို ခံရတတ်၏။

ထို့ကြောင့် နေ့စဉ်နေ့တိုင်း အတတ်ပညာကို ရအောင် ကြိုးစား သင်ယူလော့။


ကောင်းစွာ နာကြား မှတ်သားခြင်းကြောင့် သုတနှင့် ပြည့်စုံရ၏။

သုတဖြင့် ကြီးပွားတိုးတက်ရာ၏။

Friday, May 23, 2008

နာဂစ်အကြောင်းသိကောင်းစရာ

Formed: April 27, 2008

Dissipated: May 3, 2008

Highest winds: 165 km/h (105 mph) (3-minute sustained) 215 km/h (135 mph) (1-minute sustained)

Lowest pressure ≤ 962 hPa (mbar)

Fatalities: 77,738- 124,000

Damage: Unknown

Areas affected: Myanmar

Part of the 2008 North Indian Ocean cyclone season




Cyclone Nargis (also known as Very Severe Cyclonic Storm Nargis) was a strong tropical cyclone that caused the deadliest natural disaster in the recorded history of Myanmar (also known as Burma). The cyclone made landfall in the country on May 2, 2008, causing catastrophic destruction and at least 78,000 fatalities with a further 56,000 people still missing. However, Labutta Township alone was reported to have 80,000 dead and some have estimated the death toll may be well over 100,000.
Nargis is the deadliest named cyclone in the North Indian Ocean Basin, as well as the second deadliest named cyclone of all time, behind Typhoon Nina. Including unnamed storms, Nargis is the 8th deadliest cyclone of all time. Nargis was the first tropical cyclone to strike the country since Cyclone Mala made landfall in 2006.
The cyclone name "Nargis" is an Urdu word meaning daffodil. The first named storm of the 2008 North Indian Ocean cyclone season, Nargis developed on April 27 in the central area of Bay of Bengal. Initially it tracked slowly northwestward and, encountering favorable conditions, it quickly strengthened. Dry air weakened the cyclone on April 29, though after beginning a steady eastward motion Nargis rapidly intensified to attain peak winds of at least 165 km/h (105 mph) on May 2; the Joint Typhoon Warning Center assessed peak winds of 215 km/h (135 mph). The cyclone moved ashore in the Ayeyarwady Division of Myanmar near peak intensity and, after passing near the major city of Yangon (Rangoon), the storm gradually weakened until dissipating near the border of Myanmar and Thailand.

Helping to people

Chairman of the State Peace and Development Council Commander-in-Chief of Defence Services Senior General Than Shwe, accompanied by General Thura Shwe Mann of the Ministry of Defence, SPDC member Lt-Gen Tin Aye, Commander-in-Chief (Navy) Vice-Admiral Soe Thein, Commander-in-Chief (Air) Lt-Gen Myat Hein, Adjutant-General Maj-Gen Thura Myint Aung, Deputy Minister for Health Dr Paing Soe, senior military officers of the Ministry of Defence and officials of the SPDC Office, left Pathein by Tatmadaw helicopter yesterday morning and arrived at Mawlamyinekyun of Myaungmya District at 9.30 am to comfort the storm victims there, after inspecting relief and rehabilitation activities in storm-hit regions of Ayeyawady Division.

Of Love

How love came in, Ido not know,
Whether by th'eye,, or ear or no:
Or whether with teh soul it came,
At first, infused with the same:
Whether in part 'tis here or there,
Or, like the soul, whole everhere:
This troubles me but I as well
As any other, this can tell:
That when from hence she does dpart ,
The outlet then is from the heart.

Robert Herrick
1591-1674

Thursday, April 24, 2008

Young People Are Power

Myanmar population is increasing at a rapid rate. So, more school, colleges and universities are being open. More jobs are being created. Nowadays there are many young workers in offices, factories and private business. This is good for the future of our motherland.
Myanmar Naingan's neighbors Bangladesh. India and China are very thickly populated. So, we must make our young people strong, active and well-educated.
Because they are strong active and so powerful, young people need good education and good guidance. And young sons and daughters of the land are powerful units in the country's work-force.

Wednesday, April 9, 2008

တစ်သက်တာ စိတ်ချမ်းသာ ပျော်ရွှင်ရေးနည်းလမ်း ၉ သွယ်

၁။ ကြံရွယ်ချက်ရှိရမည် ( Intention )
၂။ တာဝန်ယူတတ်ရမည် ( Accountability )
ူ၃။ ကိုယ်ပိုင်ဟန်ပန်ထူထော်ရမယ် ( Identification )
၎။ ပဓာနထားရမည် ( Centrality )
၅။ ပြုပြင်တည့်မတ်ရမည် ( Recasting )
၆။ ရွေးချယ်သဘောပေါက်ရမည် ( Options )
ရ။ နားလယ်သဘောပေါက်ရမည် ( Appreciation)
၈။ ပေးကမ်းမျှဝေတတ်ရမည် ( Giving )
၉။ ရိုးသားမှန်ကန်ရမည်။ ( Truthfulness )

မောင်ဆုရှင်၏ဆောင်းပါးမှ ကောက်နုတ်ချက်



Tuesday, April 8, 2008

ဆေးရုံ၏အနက်အဓိပယ်

ကျွန်ုပ်တို့၏ ခေတ်တွင် ဆေးရုံများသည် အမြင့်မြတ်ဆုံးသော နေရာဌာန ဂေဟာများပင်ဖြစ်၏။ ဖျားနာသူများနှင့် ဝေဒနာခံစားရသူများကို ကူညီကုသပေးသည်။ အမြင့်မြတ်ဆုံး အရည်အသွေးနှင့် ပြည့်ဝသော ဆရာဝန်များ၊ သူနာပြုများနှင့် နောက်ဆုံးကိရိယာများ၊ ဆေးဝါးများဖြင့် လူတိုင်းကို ကျွမ်းကျင်မှုနှင့် ကြင်နာမှုများ ရရှိစေသည်။
ံHopsital ဟူသော ဝေါဟာရသည် Hospital အဆောင်နှင့် ဟိုတယ်တို့ကဲ့သို့ ဧည့်သည်များ လက်ခံးကျွေးမွေး နေရာပေးသော နေရာဖြစ်သည်ဟု အဓိပါယ် ရသည်။ ဆေးရုံမှဧည့်သည်များကို လူနာဟုခေါ်သည်။ လူနာများကို လိုအပ်လျှင် အခကြေးငွေ တစ်စုံတစ်ရာမပေးစေဘဲ နေရာပေး ကျွေးမွေးပြုစုကြသည်။


မိဘပြည်သူများ ကျန်းမာချမ်းသာ ကြပါစေ။

မေတ္တာ

ကြည့်စမ်း......
လုံချည်အသစ်လေးနဲ့ ချစ်စရာ့သား
လှအားပါပေ့......
စားနေလိုက်တာ
ဆန်မာထမင်းကြက်သားဟင်းနဲ့
ခံတွင်း မြိန်ဘိ ကြည်နူးမိတယ်
စွဲငြိဘ၀င် အမေ့ရင်မှာ
အစဉ်ရှိမြဲ ထူးကဲရသာ
ပီတိအစာတွေ ထာဝရအတိ
အဟာရအပြည့်မို့
အမေ.....၀မ်းဝနေပြီသားရယ်။

အစမ်းထွေး (မာန်အောင်)

Monday, April 7, 2008

အပူဒဏ်မှ ကာကွယ်ပါ

အပူဒဏ်ကာကွယ်ရန်အတွက် ရေခဲရေသောက်တာကို ရှောင်ကြည်သင့်ကြောင်း၊ အမဲရောင်ကို မ၀တ်သင့်ကြောင်း
ဦးထုပ်နှင့် အပူဒဏ်မှ ကာကွယ်ရန် အဆောင်းအကားတစ်ခုခုကို ဆောင်ရမည်။ အသက်ကြီးသူများ နေ့လည်နေ့ခင်းတွင် အရိပ်ကောင်းသော အရိပ်ရသောနေရာတွင်နေထိုင်သင့်ပါသည်။ တိုက်ခန်းများတွင် နေထိုင်သူများ အပူဒဏ်သက်သာမည့်နေရာမျိုးတွင်ရွေးချယ်နေထိုင်သင့်ပါသည်။

ချစ်သော မိဘပြည်သူများ အပူဒဏ်မှ ကာကွယ်ပြီး ကျန်းမာချမ်းသာကြပါစေ။

Friday, April 4, 2008

လွမ်းကဗျာအဆက်ကို ဆက်လက်ခံစားခြင်း

I shall not see the shadows,
I shall not feel the rain.
I shall not hear the nightingale
Sing on, as it in pain

ရွက်ဝှမ်းစိမ်းစို၊ သစ်ပျိုမွတ်စင်
ရိပ်ကောင်းလွင်ကို မမြင်နိုင်တော့။
ပုလဲမိုးစင် အေးမြပင်လည်း
ငါလျှင်ခံစား မသိငြားတော့။
နာကျင်လွမ်းဆွေး၊ ညဥ့်ငှက်တေးကို
အတွေးတူပြိုင် မကြားနိုင်တော့။

And dreaming through the twilight
That doth not rise nor set
Haply I may remember,
And haply may forget.

ဘ၀ဖြစ်စဉ် ဆည်းဆာလွင်ဝယ်
ပုံပြင်တူစွ အိပ်မက်ရသို့၊
ငါကတစ်လှည့် ချစ်သူကိုနွဲ့ကို
လွမ်းခဲ့တစ်စေ ရှိကောင်းပေလိမ့်၊
မသွေမေ့လျော့၊ ပေါ့ဆအသွင်၊ ရှိလျင်ရှိလိမ့်၊
ချစ်သည့်သက်ဝေ သိပါစေဟု။

ကျော်ဇေယျ(အင်္ဂလိပ်စာ)

Wednesday, April 2, 2008

ချစ်သော မဟာသင်္ကြန်

ချစ်သော သင်္ကြန်
ရောက်ခါနီးလေ၊ ပျော်ရပါပေ
မြန်မာ့နှစ်ဦး၊ အတာကူးကို
အေးအေးချမ်းချမ်း ဖြတ်သန်းမယ်၊
ရွှင်လန်းတဲ့ မနောစိတ်ရယ်
ကုသိုလ် အပျော်ပါထည့်ပေါင်းပြီး
ယဉ်ယဉ်ကျေးကျေး ဖြတ်သန်းမယ်
သိကြားမင်း ပေစာမှာ မပါစေဖို့
ရှောင်ကြဉ်သင့်တာရှောင်ရမယ်
ကျမ ချစ်သော သင်္ကြန်ရယ်
မြန်မာတို့ချစ်သောသင်္ကြန်ရယ်
မြန်မြန်ရောက်ခါနီးပေါ့ကွယ်။


ဧပြီလ ၂ရက် ၂၀၀၈ တွင်ကိုယ်တိုင်ခံစားရေးပါသည်
သင်္ကြန်ရောက်ရန်၁၀ ရက်သာ လိုပါတော့သည်။

Wednesday, March 26, 2008

ရဟန်းတော်တို့၏ ၀ိနည်းကဗျာအားဖတ်ရှုရသောအခါ

ရဟန်းကျင့်ဝတ်၊ တစ်ပါးချွတ်က၊
လူ နတ် မကြိုက်၊ ကဲ့ရဲ့ထိုက်၏။

ရဟန်းကျင့်ဝတ် တစ်ပါးတတ်က၊
လူ နတ် ဦးခိုက်၊ ပူဇော်ထိုက်၏။

Wednesday, March 12, 2008

Song( လွမ်းကဗျာ)

When I am dead, my dearest,
Sing no sad songs for me.
Plant thou no roses at my head,
Nor shady cypress tree.
လွမ်းကဗျာ

ငါသေသော အခါ၊ လွမ်းကဗျာကို မဆိုလာနှင့်။
ရိပ်ဝှမ်းစိမ်းစို သစ်ပင်ပျိုနဲ့ သင်းချိုကြိုင်လျှမ်း
နှင်းဆီပန်းလည်း ငါ့'' ကွန်း'' တည်ရာ
မြေထက်သာဝယ် မစိုက်လာနှင့်။

Be the green grass above me
With showers and dewdrops wet
And if thou wilt, remember
And if thou wilt, forget.

ငါ့မြေထက်တွင် မြက်ခင်းပြင်ကို
ငွေမင်ပုလဲ မိုးနှင်းခဲတို့ တွဲခိုပါရစေ ဆန္ဒချွေ၏။
ငိုကြွေးတမ်းတ လွမ်းဆဆဖြင့်
သို့မှတစေ မေ့ပျောက်ပေလည်း
မသွေစိတ်စော သင့်သဘောတည်း။


ဆက်ပါဦးမည်

ကျော်ဇေယျ( အင်္ဂလိပ်စာ)
Ref; The Golden Gate, Oxford University
Press 1958

Thursday, March 6, 2008

ကျမသိသော ကွန်ဒိုလီဇာရိုက်၏အကြောင်း

၁၉၅၄ ၊ နိုဝင်ဘာ(၁၄) - အယ်ဘာမားပြည်နယ်၊ ဘာမင်ဟန်တွင် မွေးဖွား
၁၉၇၄ Social Sceince ဖြင့် Unviersity of Denver မှ ဘွဲ့ရရှိ
၁၉၇၅ University of Nortre Dame မှ မဟာဘွဲ့ရရှိ။
၁၉၈၀ Unviersity of Denver မှ ပါရဂူဘွဲ့ရရှိ။
၁၉၈၁ ခုနှစ်ကတည်းက Stanford တက္ကသိုလ်တွင် ပါမောက္ခအဖြစ်တာဝန်ယူခဲ့၊အမြင့်ဆုံးသင်ကြားရေးဆို်င်ရာဆုရရှိခဲ့
၉၃-၉၄ Stanford တက္ကသိုလ်တွင် ကျောင်းအုပ်အဖြစ်တာဝန်ယူခဲ့။
၁၉၈၉-၉၂ အကြား ဂျာမဏီပြန်လည်ပေါင်းစည်းရေးကာလနှင့် ဆျုဗီယက်ပြည်ထောင်စုပြိုကွဲခါနီး လက်ရှိ ဘုရှ့်ဖခင် စီနီယာဘုရှ် လက်ထက်ကတည်းက အစိုးရအဖွဲ့ နိုင်ငံတော်လုံခြုံရေးကောင်စီတွင် ဆိုဗီယက်နှင့် အရှေ့ဥရောပ ရေးရာဌာနတို့၌ တာဝန်အဆင့်ဆင့် ထမ်းဆောင်ခဲ့။
ဆောင်းပါများစွာရေးသားခဲ့။
၂၀၀၁ခုနှစ်ဇန်န၀ါရီ၂၂တွင် သမ္မတဘုရှ်အစိုးရအဖွဲ့၌ ပထမဆုံးလူမည်းအမျိုးသမီးလုံခြုံရေးအကြံပေးအရာရှိခန့်အပ်ခံခဲ့ရ။ (National Security a divisor)
ယခုအခါ သက်တမ်းနှစ်ကြိမ်တာဝန်ထမ်းဆောင်ရသည်။

ဗဟုသုတဝေငှရန်အတွက်သာဖြစ်ပါသည်။
ကောင်းသောနည်းလမ်းများဖြင့် နိုင်ငံအကျိုးသယ်ပိုးနိုင်ပါစေ။

Wednesday, March 5, 2008

I hate Smoking

Many people smoke cheroots or cigarettes. Some people smoke both. Some people smoke cigars. At every teashop., cheroots and cigarettes are expansive. Researchers and doctors have found that smoking causes hard breathing, lung disease and cancer. Smoking weakeners circulation of blood.

Tuesday, March 4, 2008

ထွင်လိုက်ပြန်ပြီ မေတ္တာတိုင်းစက်

love Detector ခေါ် အချစ်ကိုတိုင်းတာပေးနိုင်တဲ့ မိုဘိုင်းတယ်လီဖုန်းကို ကိုရီးယားနိုင်ငံမှာ အသုံးပြုနေပြီး မိုဘိုင်းCompany KTF က အသံလှိုင်းများကို ခွဲခြမ်းစိတ်ဖြာကာ ဖုန်းပြောနေသူအနေဖြင့် ချစ်သူကို တကယ်ချစ်ခင် တွယ်တာမှုနှင့် ပြောနေသလား ဆိုသည်ကို ဖော်ပြနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်တဲ့၊ ဗွီဒီယို ကွန်ဖရင့်လုပ်ပြီး ပြောတဲ့အခါမှ ဖုန်းကို မိမိဘက်လှည့်ပြောခဲ့ရင် ဖုန်းမှာပါတဲ့ Love Meter ကဖော်ပြနေတဲ့ စကားများကို မှတ်ယူထားပြီး စကားအဆုံးကျတော့မှ သူ့ပြောစကားများပါတဲ့ သံယောဇဉ်၊ အံ့သြမှု၊ စိတ်ဝင်စားမှု၊ ရိုးသားမှုတွေ ဘယ်အတိုင်းအတာထိပါသလဲဆိုတာကို စိစစ်ခွဲခြမ်းစိတ်ဖြာပေးနိုင်ပါတယ်တဲ့။

ကျမဖတ်ရှုခဲ့တဲ့ မြန်မာတိုင်းမ်စ် 2.3.2008 ထုတ်စာစောင်ကနေထပ်ဆင့် ပွားပေးလိုက်ပါတယ်ရှင်။
ကျမလည်း တစ်ခုလောက်လိုချင်လိုက်တာနော်.......

အချစ်မီးတောင်ပေါက်ကွဲခြင်း

ချစ်ရင်
ချစ်ချင်တာပဲသိတဲ့သူ

မချစ်ရင်
မချစ်ချင်တာပဲသိတဲ့သူ

အူကြောင်ကြောင်
လူတို့ရယ်ကြောင့်
ဒေါသလှေမှောက်။

Duties of A Citizen

Everybody has a family. He may be the father of the family or a child in the family. Anyway he has duties to his family. He must help in all the affairs of the family. He must fight against all enemies of the family. He must work for the health, happiness and welfare of the family.
A country is in fact a big family. All men, women and children are members of this big family. So, every citizen has duties to his country, his motherland. He was born and bred in this land.
First of all, citizen must be faithful to the country. He must not do anything to ruin his country. He must fight anyone trying to ruin the country.
Second, a citizen must obey the rules of the country. If he knows better laws for the welfare of the country., he can give his opinion. A citizen must help in all the welfare activities of the country. He must work hard at his chosen job. He must be dutiful in his work. He must be faithful to other workers. He must be well-disciplined workers.
In time of war or great disaster, a citizen must join forces with his fellow citizens. These are the duties of all citizens of a country.

Monday, March 3, 2008

Creator of himself

A man's conditions in life if the absolute result of and eternal law that he reaps as he has sown. Thus us every man his own maker. He has no one to blame for his imperfections but himself.

Wednesday, February 27, 2008

အေးချမ်းပါသော ထိုမေတ္တာ

Be in love with all things, not only with your fellows, but with the whole word, with every creature that walks the earth, with the birds, with the insects in the grass. All life is akin to man

အရာခပ်သိမ်းသတ္တ၀ါသိမ်းကို ချစ်ပါ။ မိမိနှင့် နီးစပ်ရာများမှသည် တစ်ကမ္ဘာလုံးကို မေတ္တာထားပါ။ ကမ္ဘာပေါ်ရှိပုပုရွရွသတ္တ၀ါအားလုံး ငှက်များ၊ မြက်ပင်များကြားထဲမှ ပိုးမွှားတိရိစ္ဆာန်များအားလုံးအပေါ် မေတ္တာထားပါ။ အခြားသတ္တ၀ါအားလုံးသည် လူသားနှင့် နီးစပ်ယှက်နွှယ်လျက်ရှိနေပါသည်။( akin to man )

AIDS

AIDS is the most terrible disease today. It was discovered not long ago. The exact is still under research and there is no cure as yet to this world-wide disease. Expert doctors say that there are very few aids cases in our country. But, to fight against these dreadful disease, there are warnings in the newspapers and magazines.These warnings are
1.Control your sexual relations.
2.Be faithful to your wife.
3. People catch this disease in many ways, from the injection needles.
This disease spreads from1. husband to wife, 2.from mother to children,3. from having relations with the same sex. Researchers and doctors all over the world are working day and night to find a cure. Causes have been found but exact cure is still far away. So, warnings are given to prevent the spread of this most terrible disease.

Monday, February 25, 2008

Miss My Native Town

After born,
Not Arrival My Native Town
Miss Mann Aunng
Relatives call me
But, I can't go it.
မရောက်တာကြာပေါ့ မွေးရပ်မြေ
အလည်ခေါ်သည်မှာ ကြာပါပြီ
မရောက်နိုင်လို့လွမ်းမိပါသည်
Speed Boat လည်းစီးရမည်
လာချင်ရင်အနီးလေးတဲ့
မလာချင်ရင် ခရီးဝေး
အကြောင်းပြချက်အမျိုးမျိုးပေး
ပြီးတော့ လွှမ်းလှချည်သေး။

စိတ်ကလေးကို ဖြူစင်အောင် နည်းလမ်းခြောက်သွယ်ဆောင်

မဲသည့်စိတ်ကို ဖြူစေသော်
ထိုထိုအာရုံ၊ ညစ်မျိုးစုံနှင့်
မကြုံတွေ့စေဘဲ၊ ပြောင်းလေဖုံဖုံ
ကောင်းအာရုံတည့်၊ နုလုံပဌိ၊ ဥာဏ်ချိန်ညှိလော့
ပို့ဘိမေတ္တာယ၊ သမထာနှင့် ပွားရာဝိသ်၊ နည်းခြောက်ရပ်တွင်
သင့်မြတ်ရာသုံး ၊ ဖြူစိတ်ဖုံးသည်
သက်လုံချမ်းသာရလိမ့်မည်။

စိတ်ထားကောင်းဖို့အရေးကြီးသည်ကို ဖတ်ပြီးသောအခါ

စိတ်ပုပ်
နှုပ်ပုပ်
အလုပ်ပုပ်လျှင်
အများမုန်းလို့
ဆင်းရဲသည်
စိတ်ဖြူ
နှုတ်ဖြူ
အလုပ်ဖြူလျှင်
အများချစ်လို့
ချမ်းသာသည်။

စာတိုလေးများအဘယ်ကြောင့် ရေးရ

ကျမ၏ဘလော့ခ်သူငယ်ချင်းများမှ အမြဲတိုက်တွန်းသည်မှာ စာရှည်ရှည်ရေးရန်ပင်ဖြစ်သည်။
သို့ရာတွင် ကျမမှာ အချိန်လုံးဝမရသည့်အတွက် စာရေးဝါသနာပါသည့်အလျောက် ရေးနိုင်သော အချိန်နှင့် ချိန်ကိုက်ပြီး စာတိုစာထွာလေးများသာ ရေးသည့်အတွက် ဘလော့ခ်အလည်လာသူများအား အားနာနာနှင့် တင်ပြအပ်ပါသည်။

မိတ်ဆွေစစ်လေးယောက်

၁။ ကျေးဇူးပြုသော မိတ်ဆွေစစ်
၂။ ဆင်းရဲအတူ ချမ်းသာအမျှ မိတ်ဆွေစစ်
၃။ အကျိုးစီးပွား ပြောကြားသော မိတ်ဆွေစစ်
၎။ စောင့်ရှောက်သော မိတ်ဆွေစစ်

Wednesday, February 20, 2008

ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံးပုဂ္ဂိုလ်

ကျေးဇူးတော်ရှင် မင်းကွန်း တိပိဋကဓရဆရာတော်ဘုရားကြီးသည်
တိပိဋကဓရ ရေးဖြေ၀ိနည်း ၅ ကျမ်းပါဠိတော် အာဂုံပါဠိတော် အဌကထာဋ္ဌိကာ သဘောရေးဖြေတွင်

ပါဠိတော် - စာမျက်နှာ ၂၂၆၀

အဘိဓမ္မာရှေ့ပိုင်း(၅)ကျမ်း - စာမျက်နှာ ၁၃၉၀
ဒိဃနိကာယသုတ်သုံးကျမ်း - စာမျက်နှာ ၇၇၈
ပိဋိကတ်သုံးပုံ - စာမျက်နှာ ၈၀၂ရ တို့ကို အထောက်အပံ့လွတ်ကင်း အမှားအယွင်းမရှိ နှုတ်တိုက်ရ အာဂုံဆောင်နိုင်သည့်အတွက် '' ကမ္ဘာ့စံချိန်မှတ်တမ်းများ'' အမည်ရှိ ကမ္ဘာကျော်စာအုပ်ကြီးတွင် ကမ္ဘာ့မှတ်ဥာဏ်အကောင်းဆုံးပုဂ္ဂိုလ် အဖြစ် မှတ်တမ်းတင်ထားကျောင်း ကြည်ညိုဖွယ် အတုယူအားကျ ကြည်ညိုလေ့လာမိပါသည်။

သတိထားစားရမည့် အသားကင်များ

တချို့အသားကင်များမှာ အရောင်ဆိုးဆေးတွေကို အရမ်းသုံးထားလိုက်တာ ကလေးများကြတော့လည်း ဘာရယ်မှန်း မသိဘူး၊ ၀ယစားချင်ကြတယ်၊ တချို့လူကြီးတွေလည်းဒီ အတိုင်းပဲ။ မကျက်တကျက် အသားကင်များကို စားသုံးပါက အသားကင်ထဲရှိ ပိုးမွှားများဝမ်းထဲသို့ရောက်ရှိသွားပြီး အစာအိမ်အူ လမ်းကြောင်းနှင့် ပတ်သက်သော ရောဂါများဖြစ်နိုင်ကြောင်း လေ့လာဖတ်သားမိပါသည်။

မိဘပြည်သူများ ကျန်းမာစေရန် ရည်သန်လျက်

Tuesday, February 19, 2008

ဆရာကန်တော့ပွဲအတွက် လှုပ်ရှားနေသော ကျမ

အလုပ်မည်မျှပင်များစေကာမူ အိပ်ချိန်ကို လျှော့ ၊ မနားမနေ လိုက်လံဖိတ်ကြား အလှုငွေ ကောက်ခံနေသော သူမ၊အားလပ်ချိန်မှန်သမျှ လျာထားချက် ငွေ ပမာဏ တက်လာမှ ဆရာကြီး၊ ဆရာမကြီးများအား ပိုမိုထည့်ဝင်နိုင်မှာပါ။သို့အတွက် မောပမ်းသည်ဟု စိတ်မှာမထား သူငယ်ချင်းများနှင့် နှစ်ကြီးသမားများနှင့် တိုင်ပင်ညှိနှိုင်းပြီး ဆောင်ရွက်လို့နေပါတယ်၊ ၀မ်းသာစရာက ၇၅ ရာခိုင်နှုန်းအောင်မြင်နေပါပြီ၊ ချို့တဲ့နေသော ဆရာ၊ ဆရာများကို ဒီထက်မက ပိုမိုလှုဒါန်းနိုင်အောင် ကြိုးပမ်းနေပါတယ်။ နိုင်ငံခြားရောက် ကျောင်းတော်သူ၊ ကျောင်းတော်သားများမှလည်း ပိုမိုပါဝင်လာပါပြီ၊ နှစ်စဉ်နှစ်တိုင်း ကျင်းပသွားရမည့် အာစရိယပူဇော်ပွဲအတွက် ကျမတို့ ညီမငယ်၊ မောင်ငယ်များမှ ထပ်မံ လက်ဆင့်ကမ်းဆောင်ရွက်သွားကြရမည်မှာ အစဉ်အလာပင် ဖြစ်ပါတော့သည်။

မမေ့အပ်တဲ့မြတ်ဆရာများအတွက်

ရွာထဲမှ ပညာတတ်များ
လယ်တောထဲမှ ပညာတတ်များ
မြို့ထဲမှ ပညာတတ်များ
နိုင်ငံအတွင်းမှ ပညာတတ်များ
တစ်ကမ္ဘာလုံးမှ ပညာတတ်များ
မွေးထုတ်ပေးတာ မြတ်ဆရာပါ
မမေ့အပ်တာ ကျောင်းတော်ပါ။


အာစရိပူဇော်ပွဲကျင်းပရန် နှစ်ပတ်အလို ကျောင်းတော်နှင့် ဆရာ၊ဆရာများအားလုံးအား သတိရလျှက်

Teaching of Buddha ........Love

To Make other just, you must yourself be just to make others happy, you must yourself be happy first.
To be loved, you must first love, consider you own soul, to make it lovely( Loving). Such is the teaching of Buddha.
တစ်ပါးသူ တရားမျှတစေလိုလျှင် မိမိကပြီး မေတ္တာတရားထားရပါမည်။
မိမိ၏၏စိတ်ကို ကြည့်ရှုဆင်ခြင်ပြီး မေတ္တာစိတ်မွေးတတ်ပါစေ။
( To Make it Loving )
မြတ်စွာဘုရား၏ တရားပင်ဖြစ်ကြောင်း မှတ်သားခဲ့ရပါသည်။

Thursday, February 14, 2008

မကြယ်စင်ပေးသော ပန်းနှင်းဆီ

မနက်ကတော့ ဈေးသွားခဲ့ပါ၏
ဘုရားပန်းဝယ်ခဲ့သည်။
တစ်အိမ်လုံးမွှေးကြိုင်လို့နေပါသည်။
ကြိုက်လှပါသည် အိုနှင်းဆီ
ပန်လာတော့ စံပယ်ပန်း
အမေပန်ခိုင်းခြင်းသာဖြစ်ပါသည်။
အလုပ်ရောက်ချိန်
မကြယ်စင်ပေးသော ပန်းနှင်းဆီ
ရှေ့စားပွဲမှာ တင်ထားပါသည်။
လှပသော ပန်းနှင်းဆီ
ရသောနေ့မှာ
ချစ်သူများနေ့ဖြစ်ပါသည်။

ထားရှိတဲ့ မျှော်လင့်ချက်

Hold your head high, stick your chest out. You can make it, it gets dark sometimes but morning comes...keep hope alive.

ဦးခေါင်းကို မော့ထား၊ ရင်ကိုကော့ထား။ လုပ်လျှင် ဖြစ်နိုင်သည်။ တစ်ခါတစ်ရံ မှောင်မိုက်နေတတ်၏။
သို့သော် နံနက်ခင်း အလင်းရောင် ရောက်လာလိမ့်မည်။ မျှော်လင့်ချက်ကို ဆက်လက်ထိန်းထား။
ဂျက်စီ ဂျက်ဆင်

Wednesday, February 13, 2008

To make it loving

တစ်ပါးသူတရားတစေလိုလျှင် မိမိကစပြီး တရားမျှတပါ။
တစ်ပါးသူ စိတ်ချမ်းသာစေလိုလျှင် ဦးစွာပထမ သင်ကိုယ်တိုင်စိတ်ချမ်းသာပါစေ။
မေတ္တာတရားကိုအလိုရှိလျှင် သင်ကစပြီး မေတ္တာ ထားရပါမည်။ မေတ္တာစိတ်မွေးတတ်ပါစေ။

Monday, February 11, 2008

ကိုယ့်စေတနာကိုယ်စောင့်ကြည့်ပါဆိုသော သြ၀ါဒအားဖတ်ရသောအခါ

ငါ့စေတနာ ငါ့နှလုံးသားထဲမှာ
လက်ခံထားတဲ့အချိန်ကစပြီးတော့ စေတနာကို စောင့်ကြည့်ပါ။
ဘာနဲ့စောင့်ကြည့်ရမလဲ သတိနဲ့စောင့်ကြည့်ပါ။
'' သတိနဲ့စောင့်ကြည့်၊ သတိနဲ့စောင့်ကြည့်''
'' ပညာနဲ့စိစစ်၊ '' သတိ '' '' ပညာ'' နဲ့
စေတနာကိုစောင့်ကြည့်လို့ရှိရင်'' ငါသည် ကံကောင်းတယ်၊ ကံဆိုးတယ်ဆိုတာက ကိုယ့်ဟာကိုယ်ကြည့်တွက်လို့ရတယ်။

Wednesday, February 6, 2008

To Global Teacher

We highly appreciate you having chosen this profession, one so fundamental to society, and the fact that you continue in it, despite-and often because of- the challenges of you face. We value the initiatives you take in opening doors of knowledge and tolerance for each girl and boy. We are aware of what your profession demands of you, of your responsibilities and of your rights. We acknowledge that difficulty of your task, and the fact that it takes professional training and a decent work environment to teach well. We appreciate that care you take to direct your knowledge at children with special needs, and your awareness that all students have individual needs. We value your ability, developed through training and experience, to listen to your students and to shift the responsibility of being a learner from your shoulders to theirs.

ကျမချစ်သော ကြက်ခြေနီ

ကျမအလယ်တန်းကျောင်းသူဘ၀ရဲ့ မှာ ကျောင်းမှာအသင်းဝင်ပြီး သင်တန်းတက်ခဲ့ဘူးပါတယ်။
ကြက်ခြေနီရဲ့ သမိုင်းကြောင်းအပါအ၀င် ကြက်ခြေနီစိတ်ထားလေးကိုပါ ခံစားတတ်လာပါတယ်။
Loving Kindness - မေတ္တာရှေ့ထားဆိုတဲ့ သဘောကို နားလည်ခဲ့ရပါတယ်။
သူ့ရဲ့မူ (ရ)ချက်ကိုလည်း လေ့လာခွင့်ရတာက

(1) Humanity - လူမှုကရုဏာဖြင့် စာနာမှု
(2) Impartiality - ဘက်မလိုက်မှု
(3) Neutrality - ကြားနေဖြန်ဖြေမှု
(4) Independance - သီးခြားလွတ်လပ်မှု
(5) Emphathy - စိတ်စေတနာ
(6) Symphathy - သနားကြင်နာကိုယ်ချင်းစာ
(7) Capacity - ပြုစုပေးရာ ပညာရှာ

အရောင်အသွေးစုံ၊ လူမျိုးမခွဲ၊ အသားအရောင် မခွဲဘဲ ဘေးဒုက္ခရောက်သူ အမြဲကူညီတတ်သောနိုင်ငံတကာ၊ တိုင်းပြည်အစုံတို့မှ ကြက်ခြေနီမောင်/မယ်တို့အား လေးစားချစ်ခင်မိပါသည်။

Monday, February 4, 2008

သံသရာခရီးသွားကြသူများ

အမှန်စင်စစ်မှာမူ လူသားတို့သည် မညီမညာ ဖြစ်ပေါ်လျက် ရှိသော ဘ၀ဖြစ်စဉ်
လမ်းကြောင်းပေါ်၌ ရှည်လျားစွာ ခရီးသွားနေရသူများသာ ဖြစ်ကြသည်။

ကမ္ဘာ့သမိုင်းမှတ်တိုင်များမှ
အမှတ်တရ

စမတ်ကျအောင် ဒီလိုနေမယ်

SMART

ရည်မှန်းချက်ပန်းတိုင်များ

(1) Specific - တိတိကျကျသတ်သတ်မှတ်မှတ်ရှိ။

(2) Measurable - တိုင်းတာနိုင်ရမည်။

(3) Action- Oriented - လုပ်ရပ်ကို အလေးပေး။

(4) Realists - လက်တွေ့ကြရမည်။

(5) Timely - အချိန်မှီ ပြီးရမည်။

Wednesday, January 30, 2008

မဟာစည်ဆရာတော်၏ ဆုံးမချက်

ကိစ္စမများ၊ စမားနည်းစေ
အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ
ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ
တရားရေး၊ အားပေး ဂုဏ်ခြောက်ထွေ။

Tuesday, January 29, 2008

အစ နှင့် အဆုံး သူတော်ကောင်းနှင့် တွေ့ရပါလို၏

ပညာရှိဟာ လိုအင်ဆန္နကင်းမဲ့ခြင်းကို လိုလားတယ်။
ပညာရှိဟာ ရဖို့ခက်တဲ့ပစ္စည်းတွေကို တန်ဖိုးမထားဘူး။
ပညာရှိဟာ မသင်ယူရသေးတဲ့အတတ်ကို သင်ယူတယ်။
ပညာရှိဟာ လူအများဆုံးရှုံးခဲ့တာတွေကို ဖြည့်တင်းပေးတယ်။
ပညာရှိဟာ သဘာဝတရားရဲ့ လမ်းမှာ အကူအညီပေးနိုင်တယ်။
ပညာရှိဟာ သူတစ်ပါးကို အနှောက်အယှက်ပေးဖို့ ဆန္နမရှိဘူး။
The Wisdom of China

ထာဝရမှတ်သားစရာလေးပါ.....


တရားဆိုတာ လုယူလို့မရဘူး၊ တောင်းယူလို့လည်းမရဘူး၊ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှ ရတယ်။
ကုံလုံဆရာတော် ဘုရားကြီး

နိုင်ငံသားများ၏ တူညီသော အချက်များ

(၁) သီးခြားသတ်မှတ်သော နယ်နမိတ်အတွင်း အတူတကွ နေထိုင်ခြင်း
(၂) တစ်ခုတည်းသော အစိုးရအောက်တွင် ရှိခြင်း
(၃) တိုင်းရင်းသား လူမျိုးများ စည်းလုံးညီညွှတ်မှု ရှိခြင်း
(၄) တူညီသော ရည်မှန်းချက်ရှိခြင်း
(၅) တူညီသော အမျိုးသားစိတ်ရှိခြင်း

Wednesday, January 23, 2008

တည်ငြိမ်သော ၀န်းကျင်

အကြင်အရပ်တွင် မြစ်ကြီးသုံးစင်း ရစ်ခွေစီးဆင်းနေမည်။
ယုံကြည်မှုမြစ်၊ တည်ငြိမ်မှုမြစ်နှင့် ကျင့်ဝတ်သီလမြစ်တို့ ဖြစ်ပါသည်။
ဒီ မြစ်သုံးစင်းရစ်ခွေစီးရာ ထိုအရပ်သည်ပင် ပတိရူပအမှန်ပင်ဖြစ်တော့သည်။

Tuesday, January 22, 2008

အုတ်တစ်ချပ်သဲတစ်ပွင့်

အားလုံးကတော့ ဆိုင်ရာဝန်ကို ထမ်းကြသော ၀န်ထမ်းများဖြစ်ကြပါသည်။
မိမိတို့ ထမ်းထားသည့် ၀န်က ပေါ့တာလည်းရှိမည်၊ လေးတာလည်းရှိမည်။ လေးလံသည့်
ဝန်ကို ထမ်းထားမိသည့်အခါမျိုးမှာ ၀န်နှင့် အား မျှ၊ မမျှ ချိန်ဆရတော့မည်။
စစ်ကိုင်းရောက်ရောက်၊ ပဲခူးရောက်ရောက်ဆိုတာမျိုးတော့ မဖြစ်သင့်ပေ...

အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)၊ Weekly Eleven Jan 23rd 2008

အပြန်အလှန် ရွေးချယ်တဲ့ သဘာဝနှင့် အလှ

- အမျိုးသားအများစုရဲ့ စိတ်ထဲမှာ ချောမောပြေပြစ်တဲ့ အမျိုးသမီးအဖြစ် မေးရိုးသွယ်သွယ်၊ မျက်လူံးကျယ်ကျယ်၊ နှာတံသွယ်သွယ်၊ ပြည့်ဝတဲ့နှုတ်ခမ်းပိုင်ရှင် ခါးသေပြီးရင်ချီတဲ့ အမျိုးသမီးများကိုသာ ရွေးချယ်ကြပါသတဲ့။

- အမျိုးသမီးအများစုကအတွက် ခန့်ချောချောအမျိုးသားများဖြစ်ဖို့ကတော့ နဖူးကျယ်ကျယ် မေးရိုးကားကားမျက်ခုံးကောင်းပြီး၊
ရင်အုပ်ကျယ်တဲ့ ထောင်ထောင်မောင်းမောင်းနဲ့ ယောကျာင်္းပီသတဲ့သူ ဖြစ်ဖို့လိုအပ်ပါတယ်တဲ့။

သားကောင်းတမန် မဂ္ဂဇင်း ၂၀၀၀ ပြည့်မှ

ဒိဝါတပတိ မင်္ဂလာဂါထာတော်

နေမင်းသည် နေ့အခါမှသာ တောက်ပ၏။
လမင်းသည် ညအခါမှသာ တောက်ပ၏။
ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ဆင်ယင်ထားမှသာ တောက်ပ၏။
ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏။
မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း
တန်ခိုးတော်အမျိုးမျိုးဖြင့် အချိန်တိုင်းတောက်ပတော်မူပါပေ၏။

ကြည်ညိုစွာရွတ်ဆိုပြီး လိုအင်ဆန္ဒများ ပြည့်စုံနိုင်ပါစေ။

Thursday, January 17, 2008

ဘာမှမရှိတာ ၀မ်းသာ စရာတဲ့

“ ဗလာ ပန်းကန်မှသာ ဖြည့်ပေးနိုင်မှာ'' တဲ့။
ဆိုလိုတာကတော့ သင့်မှာ ဘာမှမကျန်၊ မရှိတော့ဘူးလို့ ထင်ရတဲ့အချိန်ဟာ တိုးတက်မှုတွေ ဧကန်မလွဲ ဖြစ်လာလိမ့် အချိန်ပါတဲ့။
ဘာမှမရှိတဲ့ ပန်းကန်လုံးကို မြင်တိုင် အလားအလာရှိတာကို တွေးလိုက်ပါ။

ဇျင် ဆိုးရိုးစကားလေးကို ကြိုက်လွန်းလို့ပါ။

မိတ်ဆွေကျင့်ဝတ် ၅ ပါး

ပေးကမ်းချီးမြှင့်၊ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မွတ်ချိုသာ၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။

Wednesday, January 16, 2008

ကျေးစွပ်သူများ

လ,က
ညရဲ့ ဆွေရင်း
အမှောင်ခွင်းတယ်...။

နေ့က
နေ့ရဲ့ သင်္ဂဟ
အလင်းငှတယ်...။

စိတ်မကောင်းစရာ..
မိတ်ဟောင်းကိုမှ အားမနာ
မျက်နှာမထောက်
ကြောက်ခမန်းလိလိ
သဘာဝအရှိကို အံတုသတဲ့
စက်မှုနည်းပညာတွေနဲ့
အလင်းအားဖြင့်
ပွင့်လင်းခဲ့တာက
ကမ္ဘာကြီး အမှောင်လွှမ်းဖို့ ကြုံတော့မှ
လူ့ဘုံလောကသားတွပါပဲ
စိတ်ထားအညံ့အဆိုးတွေနဲ့
လက်ညှိးထိုးတွေက ဟိုထိုးသည်ထိုး
ရိုးသားသလို သိမ်မွေ့ကြ......။ ။

လာရောက်ကြသူအပေါင်း ပိုမိုကျန်းမာစေရန်

နေ့စဉ် သင့်တင့်မျှတသော အစားအစာစားသုံးရန် အောက်ဖော်ပြပါအာဟာရများလိုအပ်ပါသည်။
(၁) အသားဓာတ် (Protein)
အကောင်းဆုံးအသားဓာတ်ကို ပေးနိုင်တာက- ကြက်၊ ၀က်၊ အမဲ၊ ဆိတ်၊ နို့မှ ပြုလုပ်သော အစားအစာများ၊ ငါးအမျိုးမျိုး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ အသည်း၊ ပဲအမျိုးမျိုး
(၂) ကစီဓာတ် (Carbohydrate)
ဆန်၊ ဂျုံ၊ ပြေညင်း၊ ကန်စွန်းဥ၊ အာလူး၊ ပဲမြစ်၊ ပျားရည်၊ ကြံ၊ ထန်းလျက်၊ နို့၊ ပေါင်မုန့်၊ ယိုအမျိုးမျိုး
(၃) အဆီဓာတ် (Fat)
တိရစ္ဆာန်မှရသော အဆီများ( ကြက်၊ ၀က်၊ အမဲ) နှင့် အသီးအနှံများမှရသော အဆီများ (အုန်း၊ နှမ်း၊ နေကြာ၊ ဖွဲနု)
အဆီကို အလွန်အကျွံ တော့မစားသင့်ပါ။
(၄) သက်စောင့်ဓာတ် (Vitamin)
အသီးအနှံ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ စားသုံးပေးနိုင်ခြင်းဖြင့် ရနိုင်ပါတယ်။
(၅) ရေ (Water)
လူ့ခန္စာကိုယ်သည် ရေဓာတ် ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ လိုအပ်သော ရေပမာဏကို ရရှိနေမယ်ဆိုရင် တစ်နေ့လုံး ပေါ့ပါးလန်းဆန်းနေပါလိမ့်မယ်။
(၆) ဓာတ်သတ္ထုပစ္စည်းများ (Mineral Substances)
ဒီထဲမှာတော့--ကယ်လစီယမ်၊ ထုံးဓာတ်( ငါးကလေးများ၊ ငါးပိရည်၊ ငပိစိမ်းစား၊ ဒန့်သလွန်ရွက်၊ ကြာက်ဥ၊ ဒိန်ခဲ၊ ဟင်ဒနုနွယ်၊
သံဓာတ်ရဖို့အတွက်ကတော့---- အသည်း၊ လတ်ဆကသော အသားများ၊ ယုန်သား၊ ဥအနှစ်၊ ငါး၊ ပဲများ
သံဓာတ်နည်းလျှင် သွေးအားနည်းပြီး မောခြင်း၊ နှလုံးတုန်ခြင်း၊ အသားရေဖြူရော်ခြင်း တို့ဖြစ်စေတတ်ပါတယ်။

လာရောက် ဖတ်ရှုသူအပေါင်း အာရောဂျံပရံမံ လာဘံနှင့် ပြည့်စုံနိုင်ကြပါရှင်။




ပိုမို

ငါတို့နေသည် မြန်မာပြည်

ငါတို့နေသည်မြန်မာပြည်လျှင်
နွေတွင် တင်ရွှန်း၊ နေခြည်ထွန်းလို့
ပတ်ဝန်းဘယ်ညာ၊ ရွှေရောင်ဖြာ၏။

ငါတို့နေသည်၊ မြန်မာပြည်လျှင်
မိုးတွင် စိမ်းလန်း၊ မိုးရေဖျန်းလို့
ပတ်ဝန်းဘယ်ညာ၊ မြရောင်ဖြာ၏။

ငါတို့နေသည်၊ မြန်မာပြည်လျှင်
ဆောင်းတွင် လန်းဆန်း၊ နှင်းရည်လျှမ်းလို့
ပတ်ဝန်းဘယ်ညာ၊ စိန်ရောင်ဖြာ၏။

စိန်ရောင်ရွှေရောင်၊ မြစိမ်းရောင်တို့
ရောင်စုံသာမော၊ အလှနှောသည်
ချစ်သောဌာနီ၊ တို့မြန်ပြည်လျှင်
ညီညာဖြဖြ။ စည်းလုံးကြလို့
မြို့ပြပြည်ရွာ၊ ငြိမ်းချမ်းသာလို့
သူငါမျှတ၊ ပေါ်ကြွယ်ဝလို့
နှလုံးစွမ်းရည်၊ လက်ရုံးရည်တို့
စုံညီပြည့်ဝ၊ ရည်သွေးလှလို့
အလှသစ္စာ၊ ကရုဏာနှင့်
မေတ္တာတရား၊ တိုးတက်ပွားအောင်
ကြိုးစားဆောင်ကာ၊ အောင်စေရာတည့်
အောင်ရာအောင်ကြောင်း၊ အောင်ဆုတောင်းသည်
အောင်ကြောင်းမင်္ဂလာ၊ ပြည့်စေသော်။ ။
မင်းယုဝေ၊ 2004, Myanmar Airforce Magazine

Tuesday, January 15, 2008

အကောင်းမြင်မှု လက်ကိုင်ပြု

အကောင်းမြင်စိတ်ထားဟာ တန်ပြန်အကျိုးခံစားရတဲ့ ကိုယ်ပိုင်ဆုလာဘ်လေ၊ ဒီစိတ်ထားက ကျန်းမာရေးကို တိုးတက်စေပါတယ်။
ဝမ်းနည်း ပူဆွေးမှုတွေကို ကျော်လွှားနိုင်ပါတယ်၊ ခြုံငြုံပြောရရင် ဘ၀နဲ့ပက်သက်လို့ အားရကျေနပ်အောင် လုပ်ပေးပါတယ်၊။
ဘာပဲဖြစ်ဖြစ် အကောင်းမြင်စိတ်နဲ့သာ ကြည့်၊ ယုံကြည်မှုတွေ ပြည့်ဝပြီး တိုးတက်မှုရှိစေစေပါတယ်။

မှတ်ချက်။ ။ ကျမလည်း လက်တွေ့အကောင်အထည်ဖော်ကြည့်တာ မှန်ကန်ကြောင်း သက်သေခံအပ်ပါသည်။

ထမင်းစားနေစဉ် ဒါတွေကို ရှောင်ကြဉ်ပါ။

ထမင်းစားနေစဉ်အတွင်း ရေအပါအ၀င် အရည်တွေအများကြီး သောက်ပါက အစာအိမ်မှ ထွက်သော အစာခြေရည် အက်စစ်ဓာတ်ကို အားပျော့သွားစေသောကြောင့် အစာကောင်းစွာမခြေနိုင်ဘဲ အစာမကြေဖြစ်တတ်၏။
ံHealth Digest မှ

စိတ်ကူးရနံ့

သေခြင်းတရားကို မကြောက်လို့ ငါ့ရင်ကိုဖွင့်ထားလိုက်တယ်
ငါစိုက်တဲ့အပင်က မပွင့်သေးဘူး
ရနံ့မရှိတဲ့တောထဲမှာ စိတ္တဇဆန်ခဲ့
ပါလာတဲ့အထုပ်က မာနချည်းဆိုတော့
ရိုင်းတယ်လို့ သမုတ်ခံရ
ရိုးရိုးလေးနေတော့လည်း
ငါ့ရင်ထဲ မိုးမရွာသွားဘူး
အကျိုးအမြတ်ရဖို့ အရင်းအနှီးများများစုတယ်
မိတ်ကောင်းဆွေကောင်းရှာတယ်
လူတောသူတောတိုးဖို့ လူလိုသူလိုနေတယ်
လက်ဖက်ကောင်းစားချင်လို့
ပလောင်တောင်တက်နှေးသလိုနှေးတော့
ဘ၀ဟာ လုံးပါးပါးခဲ့
ပြုတော့ကွယ်
သေတမ်းစာတစ်စောင်ရေးဖို့တော့ စိတ်ကူးထားတယ်
ရုပ်ရှင်ထဲကလို
ငါ့ကိုငါ ပေးသေဖို့တော့ တွေးမထားမိပြန်ဘူး။

နိုင်ဝင့်နိုင်၊ နွယ်နီ မဂ္ဂဇင်း ၂၀၀၄ ခုနှစ်မှ

Monday, January 14, 2008

ပုံရိပ်

ပီဘိ ကလေး၊ ချစ်ဖွယ်လေးမို့
နွေးထွေးပြုပြင်၊ ပြစ်မမြင်ဘဲ
ချစ်ခင်စူံမက်၊ ညွှန်းပုံဖက်လို့
ရင်ထက်အပ်နှင်း၊ သက်ပုံခင်းသည်
ရင်နှစ်သည်းချာ၊ ချစ်ပုံလွှာသည်
ကန်ကာကျောက်ကာ၊ တွန်းထိုးကာဖြင့်
မြေမှာပြိုလဲ၊ ထင်းတိုင်းကြဲလို့
ကြေကွဲဇာတ်များ ခင်းတတ်သည်။

အေးပြည့်ဝေခင်

Monday, January 7, 2008

ပြာသိုလ

ဆောင်းလရာသီ၊ အညီပေါ်မှန်း

ကြိုင်ပျံ့မွှန်းသည်

နွယ်ပန်းပွင့်လို၊ လပြာသို။
ယင်း

ဆိပ်ကမ်းလေး

ဆိပ်ကမ်းရယ်သာ

အိပ်တန်း ကိုယ်စီရှာကြ

ချောင်ဖီလာ သီတာဦးမှာဆီမှာ

လင်းဖြာကမြူး

နှစ်သက်သော ကဗျာတစ်ပုဒ်

ကျေးလက်

ရွှေမြောင်းရွာသာပါသေးလား
ရွှေမြို့နေမေး။
သာပါရဲ့ရွာနံဘေးမှာ
ရိုးရေကဖွေး။
မှတ်မှတ်ရရေ၇ွှဘိုကောက်စိုက်သမတေးသံမှ

How to Contented

Keep Your Heart Free from Hate

Your Mind from Worry

Live Simply, Except Little

Give Much, Sing Often

Pray always
From Tharkaugtaman Magazine
U Aung Gyi

Contributed By Ambassador

မိတ်ကောင်းဆွေစစ်

အပေါင်းမှတ်ရာ
တောင်တိုင်းမှာကား၊ ပတ္တမြားမရှိ။
ကြီးဘိစွမ်းအင်
ဆင်ဟူသမျှ၊ မရမြုတေ၊
တောတိုင်းပွေလည်း
ညှာရွှေစန္နကူး၊ မရှိဘူးတည့်