Thursday, June 26, 2008

ရှင်ရဟန်းပြုပေးရခြင်း၏ ရည်ရွယ်ချက်အား သိရသော အခါ

၁။ အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုခြင်း။
၂။ သာသနာ့အမွေခံ သာသနာ့ ဒါယကာဖြစ်လိုခြင်း။
၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသော ပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။

၎။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း တို့ဘဲဖြစ်ပါတယ်


စာရေးသူကျမလည်း မိမိတတ်နိုင်သလောက် ရဟန်းပြုပေးသော အလှူကို ပြုပေးရပါလို၏။
သာသနာ့တာဝန်ကို ဆောင်ရွက်နိုင်ပါစေလို့ ရည်မှန်းကာ ဆုတောင်းနေမိပါတယ်။

1 comment:

Unknown said...

အမရေ
မိထွေးတော်ဂေါတမီက ပရိနိဗ္ဗာန်မပြုခင်မှာ ဘုရားရှင်ကို
လျှောက်တယ်တဲ့။
မိန်းမသားတွေအဖို့ ဘ၀မှာ ရှင်ဘုရင်ကြီးရဲ့မိခင်ဖြစ်ဖို့လည်း
လွယ်ပါတယ်။ စစ်ဗိုလ်ကြီး ရဲ့မိခင်ဖြစ်ဖို့လည်း လွယ်ပါ တယ်။ ဒါပေမယ့် ရဟန်းမယ်တော်ဖြစ်ဖို့ဆိုတာကတော့
ရဖို့ခဲယဉ်းတဲ့ ဒုလ္လဘပါဘုရားလို့ လျှောက်ဖူးသတဲ့အမ။
ဆရာတော် ဦးကောသလ္လ ကမိန့်တယ်။
သိမ်၌မွေးသော သားကို ရတနာသားလို့ခေါ်ပြီး
အိမ်၌မွေးသော သားကိုတော့ ဓမ္မတာသားလို့ခေါ်ပါသတဲ့။