Showing posts with label Magazine Poem. Show all posts
Showing posts with label Magazine Poem. Show all posts

Tuesday, January 15, 2008

စိတ်ကူးရနံ့

သေခြင်းတရားကို မကြောက်လို့ ငါ့ရင်ကိုဖွင့်ထားလိုက်တယ်
ငါစိုက်တဲ့အပင်က မပွင့်သေးဘူး
ရနံ့မရှိတဲ့တောထဲမှာ စိတ္တဇဆန်ခဲ့
ပါလာတဲ့အထုပ်က မာနချည်းဆိုတော့
ရိုင်းတယ်လို့ သမုတ်ခံရ
ရိုးရိုးလေးနေတော့လည်း
ငါ့ရင်ထဲ မိုးမရွာသွားဘူး
အကျိုးအမြတ်ရဖို့ အရင်းအနှီးများများစုတယ်
မိတ်ကောင်းဆွေကောင်းရှာတယ်
လူတောသူတောတိုးဖို့ လူလိုသူလိုနေတယ်
လက်ဖက်ကောင်းစားချင်လို့
ပလောင်တောင်တက်နှေးသလိုနှေးတော့
ဘ၀ဟာ လုံးပါးပါးခဲ့
ပြုတော့ကွယ်
သေတမ်းစာတစ်စောင်ရေးဖို့တော့ စိတ်ကူးထားတယ်
ရုပ်ရှင်ထဲကလို
ငါ့ကိုငါ ပေးသေဖို့တော့ တွေးမထားမိပြန်ဘူး။

နိုင်ဝင့်နိုင်၊ နွယ်နီ မဂ္ဂဇင်း ၂၀၀၄ ခုနှစ်မှ