Showing posts with label အာစရိယပူဇော်ပွဲအတွက် အမှတ်တရ. Show all posts
Showing posts with label အာစရိယပူဇော်ပွဲအတွက် အမှတ်တရ. Show all posts

Tuesday, February 19, 2008

ဆရာကန်တော့ပွဲအတွက် လှုပ်ရှားနေသော ကျမ

အလုပ်မည်မျှပင်များစေကာမူ အိပ်ချိန်ကို လျှော့ ၊ မနားမနေ လိုက်လံဖိတ်ကြား အလှုငွေ ကောက်ခံနေသော သူမ၊အားလပ်ချိန်မှန်သမျှ လျာထားချက် ငွေ ပမာဏ တက်လာမှ ဆရာကြီး၊ ဆရာမကြီးများအား ပိုမိုထည့်ဝင်နိုင်မှာပါ။သို့အတွက် မောပမ်းသည်ဟု စိတ်မှာမထား သူငယ်ချင်းများနှင့် နှစ်ကြီးသမားများနှင့် တိုင်ပင်ညှိနှိုင်းပြီး ဆောင်ရွက်လို့နေပါတယ်၊ ၀မ်းသာစရာက ၇၅ ရာခိုင်နှုန်းအောင်မြင်နေပါပြီ၊ ချို့တဲ့နေသော ဆရာ၊ ဆရာများကို ဒီထက်မက ပိုမိုလှုဒါန်းနိုင်အောင် ကြိုးပမ်းနေပါတယ်။ နိုင်ငံခြားရောက် ကျောင်းတော်သူ၊ ကျောင်းတော်သားများမှလည်း ပိုမိုပါဝင်လာပါပြီ၊ နှစ်စဉ်နှစ်တိုင်း ကျင်းပသွားရမည့် အာစရိယပူဇော်ပွဲအတွက် ကျမတို့ ညီမငယ်၊ မောင်ငယ်များမှ ထပ်မံ လက်ဆင့်ကမ်းဆောင်ရွက်သွားကြရမည်မှာ အစဉ်အလာပင် ဖြစ်ပါတော့သည်။

မမေ့အပ်တဲ့မြတ်ဆရာများအတွက်

ရွာထဲမှ ပညာတတ်များ
လယ်တောထဲမှ ပညာတတ်များ
မြို့ထဲမှ ပညာတတ်များ
နိုင်ငံအတွင်းမှ ပညာတတ်များ
တစ်ကမ္ဘာလုံးမှ ပညာတတ်များ
မွေးထုတ်ပေးတာ မြတ်ဆရာပါ
မမေ့အပ်တာ ကျောင်းတော်ပါ။


အာစရိပူဇော်ပွဲကျင်းပရန် နှစ်ပတ်အလို ကျောင်းတော်နှင့် ဆရာ၊ဆရာများအားလုံးအား သတိရလျှက်