Showing posts with label အဖိုးတန်အချိန်လေးများ. Show all posts
Showing posts with label အဖိုးတန်အချိန်လေးများ. Show all posts

Monday, June 9, 2008

သတိမထားမိသော အချိန်

လူတို့၏သက်တမ်း၌ လုပ်ကြံဖို့ရန် နာရီပေါင်း ၃၅၀၀၀ သာရှိ၏။ ထိုနာရီများ၏ မိနစ်တိုင်း၊ စက္ကန့်တိုင်းကို ပုလဲလုံး၊ ပတ္တမြားလုံးများလို အဖိုးတန်သည်ဟု ယုံကြည်ကာ မပျောက်ရအောင် အထူးသတိပြု စောင့်ထိန်းအပ်လှပေသည်။ ထိုရတနာများသည် အသင်၌ အဖိုးမဖြတ်နိုင်သော အရင်းအနှီးများဖြစ်ကြသည်။

"နာရီစက်သံ၊ ချက်ချက်မြည်သံ၊ တစ်ရံမခြား၊ မောင်တို့ကြားလော့"

အချိန်ကိုဖြုန်းခြင်းသည် စိတ်အား၊ ကိုယ်အား၊ ညဏ်အား၊ ၀ီရိယအား၊ ကောင်းမြတ်သော သိတ္တိများကို နွမ်းပါစေသည့်အပြင် ကောင်းမြတ်သော ကိုယ်ကျင့်တရားများကို လည်း ပျက်စေတတ်လျက် အလွန်ကောင်းသော လမ်းအခွင့် တို့ကိုလည်း လွန်မြောက်ပျောက်ပျက်ခြင်းသို့ ရောက်စေတတ်သည်။ အစရှိသောပီမိုးနင်း စာပေများဖတ်ခဲ့ရစဉ်ကအဖိုးတန်စာသားမျာကို မှတ်သားခဲ့ရတယ်။

"အချိန်ကို ငါဖြုန်းခဲ့၏။ သို့အတွက် အချိန်က ငါ့ကို ဖြုန်း၏ '' ရှိတ်စပီးယားပြောခဲ့တာကို အမှတ်ရခဲ့မိပါတယ်။ ကြီးမြင့်သော ပုဂ္ဂိုလ်တို့သည် အချိန်၏သေးငယ်သော တစ်ခဏ အစိတ်အပိုင်းကို အသုံးချတတ်သူများဖြစ်သည် ကိုလည်း မှတ်သားမိခဲ့ရပါတယ်။

"မပျင်းရိနှင့်
မရှိလုံ့လ၊ ပျင်းပိုးတရ
သုတပညာ၊ ဘယ်ရပါလိမ့် "

ဆိုသောကဗျာအား စွဲကျန်ရစ်နေပါတော့သည်။