Showing posts with label ခံစားချက်။ လောကဓံ. Show all posts
Showing posts with label ခံစားချက်။ လောကဓံ. Show all posts

Wednesday, January 16, 2008

ကျေးစွပ်သူများ

လ,က
ညရဲ့ ဆွေရင်း
အမှောင်ခွင်းတယ်...။

နေ့က
နေ့ရဲ့ သင်္ဂဟ
အလင်းငှတယ်...။

စိတ်မကောင်းစရာ..
မိတ်ဟောင်းကိုမှ အားမနာ
မျက်နှာမထောက်
ကြောက်ခမန်းလိလိ
သဘာဝအရှိကို အံတုသတဲ့
စက်မှုနည်းပညာတွေနဲ့
အလင်းအားဖြင့်
ပွင့်လင်းခဲ့တာက
ကမ္ဘာကြီး အမှောင်လွှမ်းဖို့ ကြုံတော့မှ
လူ့ဘုံလောကသားတွပါပဲ
စိတ်ထားအညံ့အဆိုးတွေနဲ့
လက်ညှိးထိုးတွေက ဟိုထိုးသည်ထိုး
ရိုးသားသလို သိမ်မွေ့ကြ......။ ။