Wednesday, January 16, 2008

ငါတို့နေသည် မြန်မာပြည်

ငါတို့နေသည်မြန်မာပြည်လျှင်
နွေတွင် တင်ရွှန်း၊ နေခြည်ထွန်းလို့
ပတ်ဝန်းဘယ်ညာ၊ ရွှေရောင်ဖြာ၏။

ငါတို့နေသည်၊ မြန်မာပြည်လျှင်
မိုးတွင် စိမ်းလန်း၊ မိုးရေဖျန်းလို့
ပတ်ဝန်းဘယ်ညာ၊ မြရောင်ဖြာ၏။

ငါတို့နေသည်၊ မြန်မာပြည်လျှင်
ဆောင်းတွင် လန်းဆန်း၊ နှင်းရည်လျှမ်းလို့
ပတ်ဝန်းဘယ်ညာ၊ စိန်ရောင်ဖြာ၏။

စိန်ရောင်ရွှေရောင်၊ မြစိမ်းရောင်တို့
ရောင်စုံသာမော၊ အလှနှောသည်
ချစ်သောဌာနီ၊ တို့မြန်ပြည်လျှင်
ညီညာဖြဖြ။ စည်းလုံးကြလို့
မြို့ပြပြည်ရွာ၊ ငြိမ်းချမ်းသာလို့
သူငါမျှတ၊ ပေါ်ကြွယ်ဝလို့
နှလုံးစွမ်းရည်၊ လက်ရုံးရည်တို့
စုံညီပြည့်ဝ၊ ရည်သွေးလှလို့
အလှသစ္စာ၊ ကရုဏာနှင့်
မေတ္တာတရား၊ တိုးတက်ပွားအောင်
ကြိုးစားဆောင်ကာ၊ အောင်စေရာတည့်
အောင်ရာအောင်ကြောင်း၊ အောင်ဆုတောင်းသည်
အောင်ကြောင်းမင်္ဂလာ၊ ပြည့်စေသော်။ ။
မင်းယုဝေ၊ 2004, Myanmar Airforce Magazine

No comments:

Post a Comment