We highly appreciate you having chosen this profession, one so fundamental to society, and the fact that you continue in it, despite-and often because of- the challenges of you face. We value the initiatives you take in opening doors of knowledge and tolerance for each girl and boy. We are aware of what your profession demands of you, of your responsibilities and of your rights. We acknowledge that difficulty of your task, and the fact that it takes professional training and a decent work environment to teach well. We appreciate that care you take to direct your knowledge at children with special needs, and your awareness that all students have individual needs. We value your ability, developed through training and experience, to listen to your students and to shift the responsibility of being a learner from your shoulders to theirs.
Wednesday, February 6, 2008
ကျမချစ်သော ကြက်ခြေနီ
ကျမအလယ်တန်းကျောင်းသူဘ၀ရဲ့ မှာ ကျောင်းမှာအသင်းဝင်ပြီး သင်တန်းတက်ခဲ့ဘူးပါတယ်။
ကြက်ခြေနီရဲ့ သမိုင်းကြောင်းအပါအ၀င် ကြက်ခြေနီစိတ်ထားလေးကိုပါ ခံစားတတ်လာပါတယ်။
Loving Kindness - မေတ္တာရှေ့ထားဆိုတဲ့ သဘောကို နားလည်ခဲ့ရပါတယ်။
သူ့ရဲ့မူ (ရ)ချက်ကိုလည်း လေ့လာခွင့်ရတာက
ကြက်ခြေနီရဲ့ သမိုင်းကြောင်းအပါအ၀င် ကြက်ခြေနီစိတ်ထားလေးကိုပါ ခံစားတတ်လာပါတယ်။
Loving Kindness - မေတ္တာရှေ့ထားဆိုတဲ့ သဘောကို နားလည်ခဲ့ရပါတယ်။
သူ့ရဲ့မူ (ရ)ချက်ကိုလည်း လေ့လာခွင့်ရတာက
(1) Humanity - လူမှုကရုဏာဖြင့် စာနာမှု
(2) Impartiality - ဘက်မလိုက်မှု
(3) Neutrality - ကြားနေဖြန်ဖြေမှု
(4) Independance - သီးခြားလွတ်လပ်မှု
(5) Emphathy - စိတ်စေတနာ
(6) Symphathy - သနားကြင်နာကိုယ်ချင်းစာ
(7) Capacity - ပြုစုပေးရာ ပညာရှာ
အရောင်အသွေးစုံ၊ လူမျိုးမခွဲ၊ အသားအရောင် မခွဲဘဲ ဘေးဒုက္ခရောက်သူ အမြဲကူညီတတ်သောနိုင်ငံတကာ၊ တိုင်းပြည်အစုံတို့မှ ကြက်ခြေနီမောင်/မယ်တို့အား လေးစားချစ်ခင်မိပါသည်။
Labels:
ှုချစ်သော ကြက်ခြေနီ
Monday, February 4, 2008
သံသရာခရီးသွားကြသူများ
အမှန်စင်စစ်မှာမူ လူသားတို့သည် မညီမညာ ဖြစ်ပေါ်လျက် ရှိသော ဘ၀ဖြစ်စဉ်
လမ်းကြောင်းပေါ်၌ ရှည်လျားစွာ ခရီးသွားနေရသူများသာ ဖြစ်ကြသည်။
ကမ္ဘာ့သမိုင်းမှတ်တိုင်များမှ
အမှတ်တရ
လမ်းကြောင်းပေါ်၌ ရှည်လျားစွာ ခရီးသွားနေရသူများသာ ဖြစ်ကြသည်။
ကမ္ဘာ့သမိုင်းမှတ်တိုင်များမှ
အမှတ်တရ
Labels:
ှSamsara Travellers
စမတ်ကျအောင် ဒီလိုနေမယ်
SMART
ရည်မှန်းချက်ပန်းတိုင်များ
(1) Specific - တိတိကျကျသတ်သတ်မှတ်မှတ်ရှိ။
(2) Measurable - တိုင်းတာနိုင်ရမည်။
(3) Action- Oriented - လုပ်ရပ်ကို အလေးပေး။
(4) Realists - လက်တွေ့ကြရမည်။
(5) Timely - အချိန်မှီ ပြီးရမည်။
Labels:
တက်ကျမ်း၊ လိုက်နာဖွယ်
Wednesday, January 30, 2008
မဟာစည်ဆရာတော်၏ ဆုံးမချက်
ကိစ္စမများ၊ စမားနည်းစေ
အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ
ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ
တရားရေး၊ အားပေး ဂုဏ်ခြောက်ထွေ။
အိပ်နေမှုနည်း၊ ကိုယ်တည်းပျော်လေ
ဆုံးမလွယ်ကြောင်း၊ မိတ်ကောင်းရှိစေ
တရားရေး၊ အားပေး ဂုဏ်ခြောက်ထွေ။
Labels:
တရားစကား
Tuesday, January 29, 2008
အစ နှင့် အဆုံး သူတော်ကောင်းနှင့် တွေ့ရပါလို၏
ပညာရှိဟာ လိုအင်ဆန္နကင်းမဲ့ခြင်းကို လိုလားတယ်။
ပညာရှိဟာ ရဖို့ခက်တဲ့ပစ္စည်းတွေကို တန်ဖိုးမထားဘူး။
ပညာရှိဟာ မသင်ယူရသေးတဲ့အတတ်ကို သင်ယူတယ်။
ပညာရှိဟာ လူအများဆုံးရှုံးခဲ့တာတွေကို ဖြည့်တင်းပေးတယ်။
ပညာရှိဟာ သဘာဝတရားရဲ့ လမ်းမှာ အကူအညီပေးနိုင်တယ်။
ပညာရှိဟာ သူတစ်ပါးကို အနှောက်အယှက်ပေးဖို့ ဆန္နမရှိဘူး။
The Wisdom of China

Wisdom
ထာဝရမှတ်သားစရာလေးပါ.....

တရားဆိုတာ လုယူလို့မရဘူး၊ တောင်းယူလို့လည်းမရဘူး၊ မိမိကိုယ်တိုင် ကျင့်ကြံအားထုတ်မှ ရတယ်။
ကုံလုံဆရာတော် ဘုရားကြီး
Labels:
မှတ်သားနာဖွယ် ဓမ္မရိပ်ဝယ်
နိုင်ငံသားများ၏ တူညီသော အချက်များ
(၁) သီးခြားသတ်မှတ်သော နယ်နမိတ်အတွင်း အတူတကွ နေထိုင်ခြင်း
(၂) တစ်ခုတည်းသော အစိုးရအောက်တွင် ရှိခြင်း
(၃) တိုင်းရင်းသား လူမျိုးများ စည်းလုံးညီညွှတ်မှု ရှိခြင်း
(၄) တူညီသော ရည်မှန်းချက်ရှိခြင်း
(၅) တူညီသော အမျိုးသားစိတ်ရှိခြင်း
(၂) တစ်ခုတည်းသော အစိုးရအောက်တွင် ရှိခြင်း
(၃) တိုင်းရင်းသား လူမျိုးများ စည်းလုံးညီညွှတ်မှု ရှိခြင်း
(၄) တူညီသော ရည်မှန်းချက်ရှိခြင်း
(၅) တူညီသော အမျိုးသားစိတ်ရှိခြင်း
Labels:
Equal Facts of Nationalities
Wednesday, January 23, 2008
တည်ငြိမ်သော ၀န်းကျင်
အကြင်အရပ်တွင် မြစ်ကြီးသုံးစင်း ရစ်ခွေစီးဆင်းနေမည်။
ယုံကြည်မှုမြစ်၊ တည်ငြိမ်မှုမြစ်နှင့် ကျင့်ဝတ်သီလမြစ်တို့ ဖြစ်ပါသည်။
ဒီ မြစ်သုံးစင်းရစ်ခွေစီးရာ ထိုအရပ်သည်ပင် ပတိရူပအမှန်ပင်ဖြစ်တော့သည်။
ယုံကြည်မှုမြစ်၊ တည်ငြိမ်မှုမြစ်နှင့် ကျင့်ဝတ်သီလမြစ်တို့ ဖြစ်ပါသည်။
ဒီ မြစ်သုံးစင်းရစ်ခွေစီးရာ ထိုအရပ်သည်ပင် ပတိရူပအမှန်ပင်ဖြစ်တော့သည်။
Tuesday, January 22, 2008
အုတ်တစ်ချပ်သဲတစ်ပွင့်
အားလုံးကတော့ ဆိုင်ရာဝန်ကို ထမ်းကြသော ၀န်ထမ်းများဖြစ်ကြပါသည်။
မိမိတို့ ထမ်းထားသည့် ၀န်က ပေါ့တာလည်းရှိမည်၊ လေးတာလည်းရှိမည်။ လေးလံသည့်
ဝန်ကို ထမ်းထားမိသည့်အခါမျိုးမှာ ၀န်နှင့် အား မျှ၊ မမျှ ချိန်ဆရတော့မည်။
စစ်ကိုင်းရောက်ရောက်၊ ပဲခူးရောက်ရောက်ဆိုတာမျိုးတော့ မဖြစ်သင့်ပေ...
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)၊ Weekly Eleven Jan 23rd 2008

အပြန်အလှန် ရွေးချယ်တဲ့ သဘာဝနှင့် အလှ
- အမျိုးသားအများစုရဲ့ စိတ်ထဲမှာ ချောမောပြေပြစ်တဲ့ အမျိုးသမီးအဖြစ် မေးရိုးသွယ်သွယ်၊ မျက်လူံးကျယ်ကျယ်၊ နှာတံသွယ်သွယ်၊ ပြည့်ဝတဲ့နှုတ်ခမ်းပိုင်ရှင် ခါးသေပြီးရင်ချီတဲ့ အမျိုးသမီးများကိုသာ ရွေးချယ်ကြပါသတဲ့။
- အမျိုးသမီးအများစုကအတွက် ခန့်ချောချောအမျိုးသားများဖြစ်ဖို့ကတော့ နဖူးကျယ်ကျယ် မေးရိုးကားကားမျက်ခုံးကောင်းပြီး၊
ရင်အုပ်ကျယ်တဲ့ ထောင်ထောင်မောင်းမောင်းနဲ့ ယောကျာင်္းပီသတဲ့သူ ဖြစ်ဖို့လိုအပ်ပါတယ်တဲ့။
သားကောင်းတမန် မဂ္ဂဇင်း ၂၀၀၀ ပြည့်မှ

ဒိဝါတပတိ မင်္ဂလာဂါထာတော်
နေမင်းသည် နေ့အခါမှသာ တောက်ပ၏။
လမင်းသည် ညအခါမှသာ တောက်ပ၏။
ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ဆင်ယင်ထားမှသာ တောက်ပ၏။
ရဟန္တာသည် ဈာန်ဝင်စားနေမှသာ တောက်ပ၏။
မြတ်စွာဘုရားရှင်သည်ကား နေ့ရောညပါ အခါခပ်သိမ်း
တန်ခိုးတော်အမျိုးမျိုးဖြင့် အချိန်တိုင်းတောက်ပတော်မူပါပေ၏။
ကြည်ညိုစွာရွတ်ဆိုပြီး လိုအင်ဆန္ဒများ ပြည့်စုံနိုင်ပါစေ။

ဂါထာတော်
Thursday, January 17, 2008
ဘာမှမရှိတာ ၀မ်းသာ စရာတဲ့
“ ဗလာ ပန်းကန်မှသာ ဖြည့်ပေးနိုင်မှာ'' တဲ့။
ဆိုလိုတာကတော့ သင့်မှာ ဘာမှမကျန်၊ မရှိတော့ဘူးလို့ ထင်ရတဲ့အချိန်ဟာ တိုးတက်မှုတွေ ဧကန်မလွဲ ဖြစ်လာလိမ့် အချိန်ပါတဲ့။
ဘာမှမရှိတဲ့ ပန်းကန်လုံးကို မြင်တိုင် အလားအလာရှိတာကို တွေးလိုက်ပါ။
ဇျင် ဆိုးရိုးစကားလေးကို ကြိုက်လွန်းလို့ပါ။

Thoughts
မိတ်ဆွေကျင့်ဝတ် ၅ ပါး
ပေးကမ်းချီးမြှင့်၊ကိုယ်နှင့်ယှဉ်ထား၊
စီးပွားဆောင်ရွက်၊ နှုတ်မွတ်ချိုသာ၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။
စီးပွားဆောင်ရွက်၊ နှုတ်မွတ်ချိုသာ၊
သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊
ကျင့်လေ မိတ်သဟာ။
Labels:
ွှမိတ်ဆွေစစ်
Wednesday, January 16, 2008
ကျေးစွပ်သူများ
လ,က
ညရဲ့ ဆွေရင်း
အမှောင်ခွင်းတယ်...။
နေ့က
နေ့ရဲ့ သင်္ဂဟ
အလင်းငှတယ်...။
စိတ်မကောင်းစရာ..
မိတ်ဟောင်းကိုမှ အားမနာ
မျက်နှာမထောက်
ကြောက်ခမန်းလိလိ
သဘာဝအရှိကို အံတုသတဲ့
စက်မှုနည်းပညာတွေနဲ့
အလင်းအားဖြင့်
ပွင့်လင်းခဲ့တာက
ကမ္ဘာကြီး အမှောင်လွှမ်းဖို့ ကြုံတော့မှ
လူ့ဘုံလောကသားတွပါပဲ
စိတ်ထားအညံ့အဆိုးတွေနဲ့
လက်ညှိးထိုးတွေက ဟိုထိုးသည်ထိုး
ရိုးသားသလို သိမ်မွေ့ကြ......။ ။
ညရဲ့ ဆွေရင်း
အမှောင်ခွင်းတယ်...။
နေ့က
နေ့ရဲ့ သင်္ဂဟ
အလင်းငှတယ်...။
စိတ်မကောင်းစရာ..
မိတ်ဟောင်းကိုမှ အားမနာ
မျက်နှာမထောက်
ကြောက်ခမန်းလိလိ
သဘာဝအရှိကို အံတုသတဲ့
စက်မှုနည်းပညာတွေနဲ့
အလင်းအားဖြင့်
ပွင့်လင်းခဲ့တာက
ကမ္ဘာကြီး အမှောင်လွှမ်းဖို့ ကြုံတော့မှ
လူ့ဘုံလောကသားတွပါပဲ
စိတ်ထားအညံ့အဆိုးတွေနဲ့
လက်ညှိးထိုးတွေက ဟိုထိုးသည်ထိုး
ရိုးသားသလို သိမ်မွေ့ကြ......။ ။
Labels:
ခံစားချက်။ လောကဓံ
လာရောက်ကြသူအပေါင်း ပိုမိုကျန်းမာစေရန်
နေ့စဉ် သင့်တင့်မျှတသော အစားအစာစားသုံးရန် အောက်ဖော်ပြပါအာဟာရများလိုအပ်ပါသည်။
(၁) အသားဓာတ် (Protein)
အကောင်းဆုံးအသားဓာတ်ကို ပေးနိုင်တာက- ကြက်၊ ၀က်၊ အမဲ၊ ဆိတ်၊ နို့မှ ပြုလုပ်သော အစားအစာများ၊ ငါးအမျိုးမျိုး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ အသည်း၊ ပဲအမျိုးမျိုး
(၂) ကစီဓာတ် (Carbohydrate)
ဆန်၊ ဂျုံ၊ ပြေညင်း၊ ကန်စွန်းဥ၊ အာလူး၊ ပဲမြစ်၊ ပျားရည်၊ ကြံ၊ ထန်းလျက်၊ နို့၊ ပေါင်မုန့်၊ ယိုအမျိုးမျိုး
(၃) အဆီဓာတ် (Fat)
တိရစ္ဆာန်မှရသော အဆီများ( ကြက်၊ ၀က်၊ အမဲ) နှင့် အသီးအနှံများမှရသော အဆီများ (အုန်း၊ နှမ်း၊ နေကြာ၊ ဖွဲနု)
အဆီကို အလွန်အကျွံ တော့မစားသင့်ပါ။
(၄) သက်စောင့်ဓာတ် (Vitamin)
အသီးအနှံ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ စားသုံးပေးနိုင်ခြင်းဖြင့် ရနိုင်ပါတယ်။
(၅) ရေ (Water)
လူ့ခန္စာကိုယ်သည် ရေဓာတ် ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ လိုအပ်သော ရေပမာဏကို ရရှိနေမယ်ဆိုရင် တစ်နေ့လုံး ပေါ့ပါးလန်းဆန်းနေပါလိမ့်မယ်။
(၆) ဓာတ်သတ္ထုပစ္စည်းများ (Mineral Substances)
ဒီထဲမှာတော့--ကယ်လစီယမ်၊ ထုံးဓာတ်( ငါးကလေးများ၊ ငါးပိရည်၊ ငပိစိမ်းစား၊ ဒန့်သလွန်ရွက်၊ ကြာက်ဥ၊ ဒိန်ခဲ၊ ဟင်ဒနုနွယ်၊
သံဓာတ်ရဖို့အတွက်ကတော့---- အသည်း၊ လတ်ဆကသော အသားများ၊ ယုန်သား၊ ဥအနှစ်၊ ငါး၊ ပဲများ
သံဓာတ်နည်းလျှင် သွေးအားနည်းပြီး မောခြင်း၊ နှလုံးတုန်ခြင်း၊ အသားရေဖြူရော်ခြင်း တို့ဖြစ်စေတတ်ပါတယ်။
လာရောက် ဖတ်ရှုသူအပေါင်း အာရောဂျံပရံမံ လာဘံနှင့် ပြည့်စုံနိုင်ကြပါရှင်။
ပိုမို

ငါတို့နေသည် မြန်မာပြည်
ငါတို့နေသည်မြန်မာပြည်လျှင်
နွေတွင် တင်ရွှန်း၊ နေခြည်ထွန်းလို့
ပတ်ဝန်းဘယ်ညာ၊ ရွှေရောင်ဖြာ၏။
ငါတို့နေသည်၊ မြန်မာပြည်လျှင်
မိုးတွင် စိမ်းလန်း၊ မိုးရေဖျန်းလို့
ပတ်ဝန်းဘယ်ညာ၊ မြရောင်ဖြာ၏။
ငါတို့နေသည်၊ မြန်မာပြည်လျှင်
ဆောင်းတွင် လန်းဆန်း၊ နှင်းရည်လျှမ်းလို့
ပတ်ဝန်းဘယ်ညာ၊ စိန်ရောင်ဖြာ၏။
စိန်ရောင်ရွှေရောင်၊ မြစိမ်းရောင်တို့
ရောင်စုံသာမော၊ အလှနှောသည်
ချစ်သောဌာနီ၊ တို့မြန်ပြည်လျှင်
ညီညာဖြဖြ။ စည်းလုံးကြလို့
မြို့ပြပြည်ရွာ၊ ငြိမ်းချမ်းသာလို့
သူငါမျှတ၊ ပေါ်ကြွယ်ဝလို့
နှလုံးစွမ်းရည်၊ လက်ရုံးရည်တို့
စုံညီပြည့်ဝ၊ ရည်သွေးလှလို့
အလှသစ္စာ၊ ကရုဏာနှင့်
မေတ္တာတရား၊ တိုးတက်ပွားအောင်
ကြိုးစားဆောင်ကာ၊ အောင်စေရာတည့်
အောင်ရာအောင်ကြောင်း၊ အောင်ဆုတောင်းသည်
အောင်ကြောင်းမင်္ဂလာ၊ ပြည့်စေသော်။ ။
မင်းယုဝေ၊ 2004, Myanmar Airforce Magazine

Tuesday, January 15, 2008
အကောင်းမြင်မှု လက်ကိုင်ပြု
အကောင်းမြင်စိတ်ထားဟာ တန်ပြန်အကျိုးခံစားရတဲ့ ကိုယ်ပိုင်ဆုလာဘ်လေ၊ ဒီစိတ်ထားက ကျန်းမာရေးကို တိုးတက်စေပါတယ်။
ဝမ်းနည်း ပူဆွေးမှုတွေကို ကျော်လွှားနိုင်ပါတယ်၊ ခြုံငြုံပြောရရင် ဘ၀နဲ့ပက်သက်လို့ အားရကျေနပ်အောင် လုပ်ပေးပါတယ်၊။
ဘာပဲဖြစ်ဖြစ် အကောင်းမြင်စိတ်နဲ့သာ ကြည့်၊ ယုံကြည်မှုတွေ ပြည့်ဝပြီး တိုးတက်မှုရှိစေစေပါတယ်။
မှတ်ချက်။ ။ ကျမလည်း လက်တွေ့အကောင်အထည်ဖော်ကြည့်တာ မှန်ကန်ကြောင်း သက်သေခံအပ်ပါသည်။

အကောင်းမြင်စိတ်ထား
ထမင်းစားနေစဉ် ဒါတွေကို ရှောင်ကြဉ်ပါ။
ထမင်းစားနေစဉ်အတွင်း ရေအပါအ၀င် အရည်တွေအများကြီး သောက်ပါက အစာအိမ်မှ ထွက်သော အစာခြေရည် အက်စစ်ဓာတ်ကို အားပျော့သွားစေသောကြောင့် အစာကောင်းစွာမခြေနိုင်ဘဲ အစာမကြေဖြစ်တတ်၏။
ံHealth Digest မှ
စိတ်ကူးရနံ့
သေခြင်းတရားကို မကြောက်လို့ ငါ့ရင်ကိုဖွင့်ထားလိုက်တယ်
ငါစိုက်တဲ့အပင်က မပွင့်သေးဘူး
ရနံ့မရှိတဲ့တောထဲမှာ စိတ္တဇဆန်ခဲ့
ပါလာတဲ့အထုပ်က မာနချည်းဆိုတော့
ရိုင်းတယ်လို့ သမုတ်ခံရ
ရိုးရိုးလေးနေတော့လည်း
ငါ့ရင်ထဲ မိုးမရွာသွားဘူး
အကျိုးအမြတ်ရဖို့ အရင်းအနှီးများများစုတယ်
မိတ်ကောင်းဆွေကောင်းရှာတယ်
လူတောသူတောတိုးဖို့ လူလိုသူလိုနေတယ်
လက်ဖက်ကောင်းစားချင်လို့
ပလောင်တောင်တက်နှေးသလိုနှေးတော့
ဘ၀ဟာ လုံးပါးပါးခဲ့
ပြုတော့ကွယ်
သေတမ်းစာတစ်စောင်ရေးဖို့တော့ စိတ်ကူးထားတယ်
ရုပ်ရှင်ထဲကလို
ငါ့ကိုငါ ပေးသေဖို့တော့ တွေးမထားမိပြန်ဘူး။
နိုင်ဝင့်နိုင်၊ နွယ်နီ မဂ္ဂဇင်း ၂၀၀၄ ခုနှစ်မှ

Magazine Poem
Subscribe to:
Posts (Atom)