Wednesday, January 16, 2008

ကျေးစွပ်သူများ

လ,က
ညရဲ့ ဆွေရင်း
အမှောင်ခွင်းတယ်...။

နေ့က
နေ့ရဲ့ သင်္ဂဟ
အလင်းငှတယ်...။

စိတ်မကောင်းစရာ..
မိတ်ဟောင်းကိုမှ အားမနာ
မျက်နှာမထောက်
ကြောက်ခမန်းလိလိ
သဘာဝအရှိကို အံတုသတဲ့
စက်မှုနည်းပညာတွေနဲ့
အလင်းအားဖြင့်
ပွင့်လင်းခဲ့တာက
ကမ္ဘာကြီး အမှောင်လွှမ်းဖို့ ကြုံတော့မှ
လူ့ဘုံလောကသားတွပါပဲ
စိတ်ထားအညံ့အဆိုးတွေနဲ့
လက်ညှိးထိုးတွေက ဟိုထိုးသည်ထိုး
ရိုးသားသလို သိမ်မွေ့ကြ......။ ။

လာရောက်ကြသူအပေါင်း ပိုမိုကျန်းမာစေရန်

နေ့စဉ် သင့်တင့်မျှတသော အစားအစာစားသုံးရန် အောက်ဖော်ပြပါအာဟာရများလိုအပ်ပါသည်။
(၁) အသားဓာတ် (Protein)
အကောင်းဆုံးအသားဓာတ်ကို ပေးနိုင်တာက- ကြက်၊ ၀က်၊ အမဲ၊ ဆိတ်၊ နို့မှ ပြုလုပ်သော အစားအစာများ၊ ငါးအမျိုးမျိုး၊ ပုစွန်၊ ကြက်ဥ၊ ဘဲဥ၊ အသည်း၊ ပဲအမျိုးမျိုး
(၂) ကစီဓာတ် (Carbohydrate)
ဆန်၊ ဂျုံ၊ ပြေညင်း၊ ကန်စွန်းဥ၊ အာလူး၊ ပဲမြစ်၊ ပျားရည်၊ ကြံ၊ ထန်းလျက်၊ နို့၊ ပေါင်မုန့်၊ ယိုအမျိုးမျိုး
(၃) အဆီဓာတ် (Fat)
တိရစ္ဆာန်မှရသော အဆီများ( ကြက်၊ ၀က်၊ အမဲ) နှင့် အသီးအနှံများမှရသော အဆီများ (အုန်း၊ နှမ်း၊ နေကြာ၊ ဖွဲနု)
အဆီကို အလွန်အကျွံ တော့မစားသင့်ပါ။
(၄) သက်စောင့်ဓာတ် (Vitamin)
အသီးအနှံ၊ သား၊ ငါး၊ ဟင်းသီးဟင်းရွက်များ စားသုံးပေးနိုင်ခြင်းဖြင့် ရနိုင်ပါတယ်။
(၅) ရေ (Water)
လူ့ခန္စာကိုယ်သည် ရေဓာတ် ၇၀ ရာခိုင်နှုန်း ပါဝင်နေပါတယ်။ လိုအပ်သော ရေပမာဏကို ရရှိနေမယ်ဆိုရင် တစ်နေ့လုံး ပေါ့ပါးလန်းဆန်းနေပါလိမ့်မယ်။
(၆) ဓာတ်သတ္ထုပစ္စည်းများ (Mineral Substances)
ဒီထဲမှာတော့--ကယ်လစီယမ်၊ ထုံးဓာတ်( ငါးကလေးများ၊ ငါးပိရည်၊ ငပိစိမ်းစား၊ ဒန့်သလွန်ရွက်၊ ကြာက်ဥ၊ ဒိန်ခဲ၊ ဟင်ဒနုနွယ်၊
သံဓာတ်ရဖို့အတွက်ကတော့---- အသည်း၊ လတ်ဆကသော အသားများ၊ ယုန်သား၊ ဥအနှစ်၊ ငါး၊ ပဲများ
သံဓာတ်နည်းလျှင် သွေးအားနည်းပြီး မောခြင်း၊ နှလုံးတုန်ခြင်း၊ အသားရေဖြူရော်ခြင်း တို့ဖြစ်စေတတ်ပါတယ်။

လာရောက် ဖတ်ရှုသူအပေါင်း အာရောဂျံပရံမံ လာဘံနှင့် ပြည့်စုံနိုင်ကြပါရှင်။




ပိုမို

ငါတို့နေသည် မြန်မာပြည်

ငါတို့နေသည်မြန်မာပြည်လျှင်
နွေတွင် တင်ရွှန်း၊ နေခြည်ထွန်းလို့
ပတ်ဝန်းဘယ်ညာ၊ ရွှေရောင်ဖြာ၏။

ငါတို့နေသည်၊ မြန်မာပြည်လျှင်
မိုးတွင် စိမ်းလန်း၊ မိုးရေဖျန်းလို့
ပတ်ဝန်းဘယ်ညာ၊ မြရောင်ဖြာ၏။

ငါတို့နေသည်၊ မြန်မာပြည်လျှင်
ဆောင်းတွင် လန်းဆန်း၊ နှင်းရည်လျှမ်းလို့
ပတ်ဝန်းဘယ်ညာ၊ စိန်ရောင်ဖြာ၏။

စိန်ရောင်ရွှေရောင်၊ မြစိမ်းရောင်တို့
ရောင်စုံသာမော၊ အလှနှောသည်
ချစ်သောဌာနီ၊ တို့မြန်ပြည်လျှင်
ညီညာဖြဖြ။ စည်းလုံးကြလို့
မြို့ပြပြည်ရွာ၊ ငြိမ်းချမ်းသာလို့
သူငါမျှတ၊ ပေါ်ကြွယ်ဝလို့
နှလုံးစွမ်းရည်၊ လက်ရုံးရည်တို့
စုံညီပြည့်ဝ၊ ရည်သွေးလှလို့
အလှသစ္စာ၊ ကရုဏာနှင့်
မေတ္တာတရား၊ တိုးတက်ပွားအောင်
ကြိုးစားဆောင်ကာ၊ အောင်စေရာတည့်
အောင်ရာအောင်ကြောင်း၊ အောင်ဆုတောင်းသည်
အောင်ကြောင်းမင်္ဂလာ၊ ပြည့်စေသော်။ ။
မင်းယုဝေ၊ 2004, Myanmar Airforce Magazine

Tuesday, January 15, 2008

အကောင်းမြင်မှု လက်ကိုင်ပြု

အကောင်းမြင်စိတ်ထားဟာ တန်ပြန်အကျိုးခံစားရတဲ့ ကိုယ်ပိုင်ဆုလာဘ်လေ၊ ဒီစိတ်ထားက ကျန်းမာရေးကို တိုးတက်စေပါတယ်။
ဝမ်းနည်း ပူဆွေးမှုတွေကို ကျော်လွှားနိုင်ပါတယ်၊ ခြုံငြုံပြောရရင် ဘ၀နဲ့ပက်သက်လို့ အားရကျေနပ်အောင် လုပ်ပေးပါတယ်၊။
ဘာပဲဖြစ်ဖြစ် အကောင်းမြင်စိတ်နဲ့သာ ကြည့်၊ ယုံကြည်မှုတွေ ပြည့်ဝပြီး တိုးတက်မှုရှိစေစေပါတယ်။

မှတ်ချက်။ ။ ကျမလည်း လက်တွေ့အကောင်အထည်ဖော်ကြည့်တာ မှန်ကန်ကြောင်း သက်သေခံအပ်ပါသည်။

ထမင်းစားနေစဉ် ဒါတွေကို ရှောင်ကြဉ်ပါ။

ထမင်းစားနေစဉ်အတွင်း ရေအပါအ၀င် အရည်တွေအများကြီး သောက်ပါက အစာအိမ်မှ ထွက်သော အစာခြေရည် အက်စစ်ဓာတ်ကို အားပျော့သွားစေသောကြောင့် အစာကောင်းစွာမခြေနိုင်ဘဲ အစာမကြေဖြစ်တတ်၏။
ံHealth Digest မှ

စိတ်ကူးရနံ့

သေခြင်းတရားကို မကြောက်လို့ ငါ့ရင်ကိုဖွင့်ထားလိုက်တယ်
ငါစိုက်တဲ့အပင်က မပွင့်သေးဘူး
ရနံ့မရှိတဲ့တောထဲမှာ စိတ္တဇဆန်ခဲ့
ပါလာတဲ့အထုပ်က မာနချည်းဆိုတော့
ရိုင်းတယ်လို့ သမုတ်ခံရ
ရိုးရိုးလေးနေတော့လည်း
ငါ့ရင်ထဲ မိုးမရွာသွားဘူး
အကျိုးအမြတ်ရဖို့ အရင်းအနှီးများများစုတယ်
မိတ်ကောင်းဆွေကောင်းရှာတယ်
လူတောသူတောတိုးဖို့ လူလိုသူလိုနေတယ်
လက်ဖက်ကောင်းစားချင်လို့
ပလောင်တောင်တက်နှေးသလိုနှေးတော့
ဘ၀ဟာ လုံးပါးပါးခဲ့
ပြုတော့ကွယ်
သေတမ်းစာတစ်စောင်ရေးဖို့တော့ စိတ်ကူးထားတယ်
ရုပ်ရှင်ထဲကလို
ငါ့ကိုငါ ပေးသေဖို့တော့ တွေးမထားမိပြန်ဘူး။

နိုင်ဝင့်နိုင်၊ နွယ်နီ မဂ္ဂဇင်း ၂၀၀၄ ခုနှစ်မှ

Monday, January 14, 2008

ပုံရိပ်

ပီဘိ ကလေး၊ ချစ်ဖွယ်လေးမို့
နွေးထွေးပြုပြင်၊ ပြစ်မမြင်ဘဲ
ချစ်ခင်စူံမက်၊ ညွှန်းပုံဖက်လို့
ရင်ထက်အပ်နှင်း၊ သက်ပုံခင်းသည်
ရင်နှစ်သည်းချာ၊ ချစ်ပုံလွှာသည်
ကန်ကာကျောက်ကာ၊ တွန်းထိုးကာဖြင့်
မြေမှာပြိုလဲ၊ ထင်းတိုင်းကြဲလို့
ကြေကွဲဇာတ်များ ခင်းတတ်သည်။

အေးပြည့်ဝေခင်

Monday, January 7, 2008

ပြာသိုလ

ဆောင်းလရာသီ၊ အညီပေါ်မှန်း

ကြိုင်ပျံ့မွှန်းသည်

နွယ်ပန်းပွင့်လို၊ လပြာသို။
ယင်း

ဆိပ်ကမ်းလေး

ဆိပ်ကမ်းရယ်သာ

အိပ်တန်း ကိုယ်စီရှာကြ

ချောင်ဖီလာ သီတာဦးမှာဆီမှာ

လင်းဖြာကမြူး

နှစ်သက်သော ကဗျာတစ်ပုဒ်

ကျေးလက်

ရွှေမြောင်းရွာသာပါသေးလား
ရွှေမြို့နေမေး။
သာပါရဲ့ရွာနံဘေးမှာ
ရိုးရေကဖွေး။
မှတ်မှတ်ရရေ၇ွှဘိုကောက်စိုက်သမတေးသံမှ

How to Contented

Keep Your Heart Free from Hate

Your Mind from Worry

Live Simply, Except Little

Give Much, Sing Often

Pray always
From Tharkaugtaman Magazine
U Aung Gyi

Contributed By Ambassador

မိတ်ကောင်းဆွေစစ်

အပေါင်းမှတ်ရာ
တောင်တိုင်းမှာကား၊ ပတ္တမြားမရှိ။
ကြီးဘိစွမ်းအင်
ဆင်ဟူသမျှ၊ မရမြုတေ၊
တောတိုင်းပွေလည်း
ညှာရွှေစန္နကူး၊ မရှိဘူးတည့်

Monday, December 3, 2007

A New level of Thinking


Albert Einstein observed, "The significant problems we face cannot be solved at the same level of thinking we were at when we were at when we created them.'' As we look around us and within us and recognize the problems created within the Personality Ethnic, we begin to realize that these are deep, fundamental problems that cannot be solved on the superficial level on which they were created.

Wednesday, November 28, 2007

A hope for the future!

To My Global partaners,

Today, I would like to write about " A hope for the future."
This title arrive in my brain at the afternoon. So, I write it now. The world is starnge. I love my world. But I will steal out from the world. Until I steal from the world. I will make something for my family or my environment or my township or my city or my country. Is it difficult for me? I think it. But I will make it steadily and normally for my life. Peaceful is peace for all. I want to become a peaceful one. May be peace all over the world.
Thanks!

Monday, November 26, 2007

To Global Partners
We must promote our environment. We must participate each other to develop the earth.
So, we ought to share of our knowledge for our earth. We are equal. We
must love each other.