Wednesday, April 2, 2008

ချစ်သော မဟာသင်္ကြန်

ချစ်သော သင်္ကြန်
ရောက်ခါနီးလေ၊ ပျော်ရပါပေ
မြန်မာ့နှစ်ဦး၊ အတာကူးကို
အေးအေးချမ်းချမ်း ဖြတ်သန်းမယ်၊
ရွှင်လန်းတဲ့ မနောစိတ်ရယ်
ကုသိုလ် အပျော်ပါထည့်ပေါင်းပြီး
ယဉ်ယဉ်ကျေးကျေး ဖြတ်သန်းမယ်
သိကြားမင်း ပေစာမှာ မပါစေဖို့
ရှောင်ကြဉ်သင့်တာရှောင်ရမယ်
ကျမ ချစ်သော သင်္ကြန်ရယ်
မြန်မာတို့ချစ်သောသင်္ကြန်ရယ်
မြန်မြန်ရောက်ခါနီးပေါ့ကွယ်။


ဧပြီလ ၂ရက် ၂၀၀၈ တွင်ကိုယ်တိုင်ခံစားရေးပါသည်
သင်္ကြန်ရောက်ရန်၁၀ ရက်သာ လိုပါတော့သည်။

1 comment:

Anonymous said...

သင်္ကြန်ကတော့ ကိုယ်နဲ့မဆိုင်သလို ဖြစ်နေခဲ့တာ ကြာပြီပေါ့...ကျွန်တော်ကတောင်ကြီးသားဆိုတော့ သင်္ကြန်ရောက်တိုင်း စတုဒီသာကျွေးရတာ ..ဘုန်းကြီးကျောင်းတက်ရတာကို သဘောကျတယ်ဗျ...သင်္ကြန်မှာပျော်ရွှင်ပါစေဗျာ...